မှူးမတ်တို့သည်လည်း ယေရမိကိုအမျက်ထွက်၍ ရိုက်နှက်ပြီးလျှင် အကျဉ်းထောင်အဖြစ်ပြုလုပ်ထားသော စာရေးတော်ကြီးယောနသန်၏အိမ်၌ အကျဉ်းချထား၏။
ယေရမိ 39:15 - မြန်မာ့စံမီသမ္မာကျမ်း ထောင်ဝင်းထဲ၌ ယေရမိအကျဉ်းချခံရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ Common Language Bible ငါသည်နန်းတော်ဝင်းအတွင်း၌ အကျဉ်းခံ နေရစဉ်ထာဝရဘုရားသည်ငါ့အား ဗျာဒိတ်ပေးတော်မူ၏။- Garrad Bible နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း အ ချုပ် ခံ နေ သေး စဉ် ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာဒိတ် တော် ကား၊ Judson Bible ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံရသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊ |
မှူးမတ်တို့သည်လည်း ယေရမိကိုအမျက်ထွက်၍ ရိုက်နှက်ပြီးလျှင် အကျဉ်းထောင်အဖြစ်ပြုလုပ်ထားသော စာရေးတော်ကြီးယောနသန်၏အိမ်၌ အကျဉ်းချထား၏။
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။
ယေရမိသည် ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသည့်နေ့တိုင်အောင် ထောင်ဝင်းထဲတွင်နေရ၏။ ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသောအချိန်၌ သူသည် ထောင်ဝင်းထဲတွင်ရှိနေ၏။
သူတို့သည် ယေရမိကို ထောင်ဝင်းထဲမှ ထုတ်ယူပြီးလျှင် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ သူ့ကိုအပ်၍ အိမ်သို့ပြန်ပို့စေ၏။ ဤသို့ဖြင့် ယေရမိသည် မိမိလူမျိုးတို့နှင့်အတူ နေထိုင်ရလေ၏။
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။