လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ယေရမိ 39:12 - မြန်မာ့စံမီသမ္မာကျမ်း “ယေရမိကို ခေါ်ထုတ်၍ ကောင်းမွန်စွာကြည့်ရှုလော့။ သူ့ကို အန္တရာယ်မပြုနှင့်။ သူပြောသည့်အတိုင်း ပြုပေးလော့”ဟု မိန့်မှာလေ၏။ Common Language Bible ``သင်သည်သွား၍ယေရမိကိုခေါ်ယူကာ ကောင်းစွာကြည့်ရှုစောင့်ရှောက်လော့။ သူ့ကို မညှင်းဆဲနှင့်။ သူအလိုရှိသည်အတိုင်း ဆောင်ရွက်၍ပေးလော့'' ဟုမှာကြားတော် မူ၏။- Judson Bible ယေရမိကိုယူ၍ ကောင်းမွန်စွာကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့် အညီ၊ |
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
ထာဝရဘုရားက “အကယ်စင်စစ် သင်၏ကောင်းကျိုးချမ်းသာအတွက် သင့်ကို ငါကယ်တင်မည်။ ဘေးရောက်ချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ရန်သူတို့က သင့်ကို တောင်းပန်လာစေရမည်။
ထာဝရဘုရားက “ဆိုးညစ်သောသူတို့လက်ထဲမှ သင့်ကိုကယ်နုတ်မည်။ ကြမ်းကြုတ်သောသူ၏လက်ထဲမှ သင့်ကိုရွေးနုတ်မည်”ဟု မိန့်တော်မူ၏။
သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။
သို့ဖြစ်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရာဗသာရိပ်နေဗုရှာဇဗန်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏မှူးမတ်အပေါင်းတို့ကို စေလွှတ်၍
ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။
ရန်သူတို့ရှိရာသို့ သုံ့ပန်းအဖြစ်ပါသွားလျှင် ထိုနေရာ၌ ငါ့အမိန့်ဖြင့် ဓားနှင့်အသတ်ခံရမည်။ ကောင်းစားစေရန်အတွက် မဟုတ်၊ ဒုက္ခရောက်စေရန်အတွက် သူတို့ကို ငါစောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။