ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု ငါမေးမည့်မေးခွန်းများကို မထိမ်ဝှက်ဘဲဖြေပါ”ဟု မိန့်ဆိုလျှင် ထိုအမျိုးသမီးက “အရှင်မင်းကြီး အမိန့်ရှိတော်မူပါ”ဟု ပြန်လျှောက်၏။
ယေရမိ 38:25 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ်တို့ကြားသိပြီး သင့်ထံသို့လာ၍ ‘သင်သည် ရှင်ဘုရင်အား မည်သည့်စကားလျှောက်ဆို၍ ရှင်ဘုရင်ကလည်း သင့်အား မည်သည့်စကားမိန့်ဆိုသည်ကို ငါတို့အား ပြောပြပါ။ ဖုံးကွယ်မထားပါနှင့်။ သင့်ကိုမသတ်ပါ’ဟု ဆိုလာလျှင် Common Language Bible ငါသည်သင်နှင့်စကားပြောဆိုခဲ့ကြောင်း မှူးမတ်များကြားသိကြသောအခါ သူတို့ သည်သင့်၏ထံသို့လာ၍ ငါတို့ပြောဆိုကြ သည့်ကိစ္စကိုမေးမြန်းကြလိမ့်မည်။ သူတို့ က`ငါတို့အားပြောပြလျှင်သင့်ကိုငါ တို့မသတ်ပါ' ဟုကတိပြုကြလိမ့်မည်။- Garrad Bible အ ကယ်၍ မှူး မတ် တို့ သည် သင် နှင့် ငါ ဆွေး နွေး ကြောင်း ကြား သိ သ ဖြင့်၊ ဘု ရင် မင်း ထံ သင် တင် လျှောက် ချက် ကို လည်း ကောင်း၊ သင့် ထံ ဘု ရင် မင်း မိန့် ဆို ချက် ကို လည်း ကောင်း၊ မ ထိမ် မ ချန် ပြော လော့။ ငါ တို့ သည် သေ ဒဏ် မ ခတ် ဟု၊ သင် ရှိ ရာ သို့ လာ ရောက် တောင်း ဆို ကြ လျှင်၊ Judson Bible ငါသည် သင်နှင့် စကားပြောကြောင်းကို မှူးမတ်တို့သည်ကြား၍ သင်ရှိရာသို့လာလျက်၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့ လျှောက်သည်ကိုလည်းကောင်း၊ ရှင်ဘုရင်သည် သင့်အား အဘယ်သို့မိန့်တော်မူသည်ကိုလည်းကောင်း၊ ငါတို့အား ကြားပြောပါလော့။ မထိမ်မဝှက်ပါနှင့် ဟုဆိုလျှင်၊ |
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု ငါမေးမည့်မေးခွန်းများကို မထိမ်ဝှက်ဘဲဖြေပါ”ဟု မိန့်ဆိုလျှင် ထိုအမျိုးသမီးက “အရှင်မင်းကြီး အမိန့်ရှိတော်မူပါ”ဟု ပြန်လျှောက်၏။
ဇေဒကိမင်းကြီးကလည်း ယေရမိအား “ဤစကားများကို မည်သူမျှမသိစေနှင့်။ သိစေလျှင် သင်အသတ်ခံရလိမ့်မည်။
မှူးမတ်အပေါင်းတို့ကလည်း ယေရမိထံ လာ၍မေးမြန်းကြလေ၏။ သူကလည်း ရှင်ဘုရင်မှာထားသည့်အတိုင်း သူတို့အား ပြန်ပြော၏။ ရှင်ဘုရင်နှင့် ပြောဆိုခဲ့သောစကားများကို မည်သူမျှမကြားသိကြသောကြောင့် သူတို့လည်း ဆက်မမေးကြတော့ချေ။