ထိုအချိန်သည် နဝမလဖြစ်၍ ရှင်ဘုရင်သည် ဆောင်းရာသီစံနန်းဆောင်တွင် စံမြန်းနေ၏။ သူ့ရှေ့၌ မီးတောက်နေသော မီးလင်းဖိုရှိ၏။
ထိုကာလသည်ဆောင်းအခါဖြစ်၍မင်း ကြီးသည် မိမိ၏ဆောင်းရာသီစံနန်း အတွင်းမီးအိုးကင်းရှေ့တွင်ထိုင်လျက်နေ၏။-
န ဝ မ လ ဖြစ် သည့် အ လျောက်၊ ဘု ရင် မင်း သည်၊ သု ဘ နန်း ဆောင် တွင်၊ မီး အိုး ကင်း အ နီး၊ မီး လှုံ လျက် စံ နေ စဉ်၊
ထိုအခါ နဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်းကာလ၌ စံပျော်ရာနန်းအခန်းတွင် ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။
သို့သော် အို အစ္စရေးလူမျိုး၊ မိန်းမသည် မိမိယောက်ျားကို သစ္စာမဲ့သကဲ့သို့ သင်တို့သည် ငါ့ကို သစ္စာမဲ့လေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံငါးနှစ်၊ နဝမလတွင် ဂျေရုဆလင်မြို့သူမြို့သားအပေါင်းနှင့် ယုဒမြို့ရွာတို့မှ ဂျေရုဆလင်မြို့သို့ရောက်လာသောသူအပေါင်းတို့အား ထာဝရဘုရားရှေ့တော်၌ အစာရှောင်ကြရန် ကြေညာ၏။
ဆောင်းရာသီစံအိမ်၊ နွေရာသီစံအိမ်တို့ကို ငါဖြိုဖျက်ပစ်မည်။ ဆင်စွယ်အိမ်များကိုလည်းဖျက်ဆီးသဖြင့် ခမ်းနားထည်ဝါသောစံအိမ်များ ပျက်စီးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့နောက် လေသာနန်းဆောင်ထဲတွင် ဧဂလုန်မင်းကြီးတစ်ယောက်တည်းထိုင်နေစဉ် ဧဟုဒသည် သူ့ထံသို့ချဉ်းကပ်၍ “ဘုရားသခင်၏အမိန့်တော်ကို ဆင့်ဆိုရန်ရှိပါသည်”ဟု ဆိုသဖြင့် ဧဂလုန်မင်းကြီးသည် ထိုင်ရာမှ ထလိုက်သောအခါ