ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်မင်းဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
ယေရမိ 36:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်သည် ယေဟုဒိကိုစေလွှတ်၍ စာလိပ်ကိုယူစေ၏။ ယေဟုဒိသည် စာရေးတော်ကြီးဧလိရှမာအခန်းရှိစာလိပ်ကို ယူလာပြီးလျှင် ရှင်ဘုရင်နှင့်တကွ ရှင်ဘုရင်၏ထံပါးတွင်ခစားသော အကြီးအကဲအားလုံးတို့ကြားသိစေရန် ဖတ်ပြလေ၏။ Common Language Bible ထိုအခါမင်းကြီးသည်ယေဟုဒိအားစေ လွှတ်၍စာလိပ်ကိုအယူခိုင်းလေသည်။ ယေဟု ဒိသည်လည်းဧလိရှမာ၏အခန်းမှထိုစာ လိပ်ကိုယူပြီးလျှင် မင်းကြီးနှင့်တကွမင်း ကြီး၏ပတ်လည်တွင်ရပ်လျက်နေသည့် မှူးမတ်များ၏ရှေ့တွင်ဖတ်ပြ၏။- Garrad Bible ကျမ်း လိပ် ကို ယူ ဆောင် ရန် ဘု ရင် မင်း လွှတ် လိုက် သော ယေ ဟု ဒိ သည် သံ တော် ဆင့် ဧ လိ ရှ မာ၏ အ ခန်း ထဲ မှ ယူ ဆောင် ပြီး လျှင် ဘု ရင် မင်း နှင့် ခ စား သော မှူး မတ် တို့ ရှေ့ ဖတ် ရွတ် လေ ၏။ Judson Bible ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိကို စေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဖတ်လေ၏။ |
ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်မင်းဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်ဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ထိုအခါ အကြီးအကဲတို့က ကုရှိ၏မြစ်၊ ရှေလမိ၏မြေး၊ နေသနိ၏သား ယေဟုဒိကို ဗာရုတ်ထံသို့စေလွှတ်၍ “လူတို့ကြားသိစေရန် သင်ဖတ်ပြခဲ့သောစာလိပ်ကို သင်ကိုယ်တိုင်ယူလာလော့”ဟု ဆိုစေသဖြင့် နေရိသားဗာရုတ်လည်း ထိုစာလိပ်ကို ကိုယ်တိုင်ယူ၍ လာခဲ့၏။
သူတို့ကလည်း ဗာရုတ်အား “ထိုင်၍ ငါတို့အား ဖတ်ပြလော့”ဟု ဆိုသဖြင့် ဗာရုတ်လည်း သူတို့ကြားသိစေရန် ဖတ်ပြလေ၏။