ယောယကိမ် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ယေရမိ 36:1 - မြန်မာ့စံမီသမ္မာကျမ်း ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍ Common Language Bible ယောရှိ၏သားယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ထာဝရဘုရားသည်ငါ့အား၊- Garrad Bible ယော ရှိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ယ ကိမ် မင်း နန်း စံ လေး နှစ် တွင် ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား။ Judson Bible ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ |
ယောယကိမ် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံလေးနှစ်၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနန်းစံ ပထမနှစ်တွင် ယုဒပြည်သူပြည်သားအားလုံးနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
“အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီးနန်းစံတစ်ဆယ့်သုံးနှစ်မှ ယခုချိန်ထိ နှစ်ဆယ့်သုံးနှစ်ပတ်လုံး ထာဝရဘုရား၏ဗျာဒိတ်စကား ငါ့ထံသို့ရောက်လာခဲ့၏။ ငါသည်လည်း သင်တို့အား ထာဝရဘုရား၏ဗျာဒိတ်စကားကို အကြိမ်ကြိမ်ဆင့်ဆိုသော်လည်း သင်တို့နားမထောင်ကြ။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးအုပ်စိုးချိန်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံငါးနှစ်၊ နဝမလတွင် ဂျေရုဆလင်မြို့သူမြို့သားအပေါင်းနှင့် ယုဒမြို့ရွာတို့မှ ဂျေရုဆလင်မြို့သို့ရောက်လာသောသူအပေါင်းတို့အား ထာဝရဘုရားရှေ့တော်၌ အစာရှောင်ကြရန် ကြေညာ၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံစတုတ္ထနှစ်၌ နေရိ၏သားဗာရုတ်သည် ယေရမိနှုတ်မှခေါ်ပေးသည့်နှုတ်ကပတ်တော်များကို စာလိပ်ပေါ်၌ရေးသားပြီးသည့်နောက် ပရောဖက်ယေရမိက
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်၊ ယူဖရေးတီးမြစ်နား ကာခေမိတ်အရပ်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စစ်ရှုံးခဲ့သော အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီး၏စစ်သည်နှင့်တကွ အီဂျစ်ပြည်သားတို့နှင့်ပတ်သက်၍
ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။