သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
ယေရမိ 35:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် စပျစ်ဝိုင်အပြည့်ထည့်ထားသောကရားနှင့်ခွက်တို့ကို ရေခပ်အမျိုးသားတို့ရှေ့၌ချပေး၍ “စပျစ်ဝိုင်သောက်ကြပါ”ဟု ငါဆို၏။ Common Language Bible ထိုနောက်ငါသည်စပျစ်ရည်အပြည့်ရှိသည့် ခွက်ဖလားများနှင့် အိုးများကိုရေခပ်အ နွယ်ဝင်တို့၏ရှေ့တွင်ချထား၍သူတို့ အား``စပျစ်ရည်အနည်းငယ်သောက်ကြပါ'' ဟုပြော၏။- Garrad Bible စ ပျစ် ရည် ပြည့် သော မြူ အိုး နှင့် ဖ လား များ ကို၊ ထို ရေ ခပ် အ နွယ် သား တို့ ရှေ့ တည် လျက်၊ စ ပျစ် ရည် သောက် ကြ ပါ ဟု တိုက် တွန်း သော်၊ Judson Bible ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကို ထည့်၍၊ စပျစ်ရည်ကို သောက်ကြပါဟု သူတို့အားဆို၏။ |
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
“သင်သည် ရေခပ်အမျိုးသားတို့ထံ သွား၍စကားပြောလော့။ သူတို့ကို ထာဝရဘုရား၏အိမ်တော်အခန်းတစ်ခုသို့ ခေါ်လာ၍ စပျစ်ဝိုင်ကိုတိုက်လော့”ဟု မိန့်ဆို၏။
“သို့သော် သင်တို့သည် နာဇရိလူတို့ကိုစပျစ်ဝိုင်တိုက်၍ ပရောဖက်တို့ကိုလည်း ‘ပရောဖက်ပြုမဟောပြောနှင့်’ဟု အမိန့်ပေးကြ၏။
ဈေးအရပ်မှ ပြန်လာသောအခါတွင်လည်း မိမိတို့ကိုယ်ကိုမဆေးကြောဘဲ အစာစားလေ့မရှိကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေးပန်းကန်နှင့် ခုတင်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ သူတို့ခံယူကျင့်သုံးရန် ဆက်ခံထားသော အခြားဓလေ့ထုံးတမ်းများစွာရှိကြ၏။)
သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ ငါသိရှိနိုင်ရန်အတွက် သင်တို့ကိုစမ်းသပ်သည့်အနေဖြင့် ထိုစာကိုငါရေးသားခဲ့ခြင်းဖြစ်၏။