သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
ယေရမိ 35:18 - မြန်မာ့စံမီသမ္မာကျမ်း ယေရမိကလည်း ရေခပ်အမျိုးသားတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးယောနဒပ်၏စကားကို သင်တို့နားထောင်ကြလေပြီ။ သူပညတ်ထားသည်ကို သင်တို့စောင့်ထိန်းလေပြီ။ သူမှာကြားခဲ့သည့်အတိုင်း သင်တို့လိုက်လျှောက်ကြလေပြီ’ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ငါသည်ရေခပ်သားချင်းစုအား ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်မိမိတို့ဘိုးဘေးယောနဒပ်ပေးအပ် သည့်ပညတ်ကိုစောင့်ထိန်းကြလေပြီ။ သူ၏ ညွှန်ကြားချက်များကိုလိုက်နာကျင့်သုံးကာ သူမိန့်မှာသမျှသောအမှုတို့ကိုပြုကြ လေပြီ။- Garrad Bible ရေ ခပ် အ နွယ် သား တို့ အား လည်း ယေ ရ မိ က၊ သင် တို့ သည် အ ဘ ယော န ဒပ် မှာ ထား ခဲ့ သ မျှ သော အ ချက် များ ကို လိုက် နာ ပြု ကျင့် စောင့် ရှောက် ကြ သော ကြောင့် ရှေ့ တော် တွင် အ စဉ် ခ စား ရ သော၊ ရေ ခပ် သား ယော န ဒပ် ၏ အ ဆက် အ နွယ် မ ပြတ် ရ ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ ကြောင်း ဆင့် ဆို လေ ၏။ Judson Bible ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆိုသော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘ ယောနဒပ်၏ ပညတ်စကားကိုနားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်သောကြောင့်၊ |
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်၍ ကောင်းစားလိမ့်မည်။