သူတို့ကလည်း “အကျွန်ုပ်တို့သည် စပျစ်ဝိုင်ကိုမသောက်ပါ။ အကျွန်ုပ်တို့ဘိုးဘေး ရေခပ်၏သားယောနဒပ်က ‘သင်တို့မှစ၍ သင်တို့သားစဉ်မြေးဆက်တိုင် စပျစ်ဝိုင်ကို တစ်သက်လုံးမသောက်ရ။
ယေရမိ 35:10 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘိုးဘေးယောနဒပ် မှာထားသမျှအတိုင်း လိုက်နာပြုကျင့်၍ တဲများ၌သာနေထိုင်ကြပါ၏။ Common Language Bible အကျွန်ုပ်တို့သည်တဲရှင်များတွင်နေထိုင် ကြပါသည်။ မိမိတို့ဘိုးဘေးယောနဒပ် ၏ပညတ်ကို အကြွင်းမဲ့လိုက်နာခဲ့ကြပါ ပြီ။- Garrad Bible တဲ ရှင် နှင့် သာ လျက်၊ အ ဘ ယော န ဒပ် မှာ ထား သ မျှ အ တိုင်း လိုက် နာ ပြု ကျင့် ကြ ပါ ၏။ Judson Bible တဲနှင့်သာနေ၍ အကျွန်ုပ်တို့ အမျိုး၏အဘ ရေခပ်သားယောနဒပ်မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ် မှာထားသမျှအတိုင်း ပြုကြပါပြီ။ |
သူတို့ကလည်း “အကျွန်ုပ်တို့သည် စပျစ်ဝိုင်ကိုမသောက်ပါ။ အကျွန်ုပ်တို့ဘိုးဘေး ရေခပ်၏သားယောနဒပ်က ‘သင်တို့မှစ၍ သင်တို့သားစဉ်မြေးဆက်တိုင် စပျစ်ဝိုင်ကို တစ်သက်လုံးမသောက်ရ။
အိမ်မဆောက်ရ။ မျိုးစေ့မကြဲရ။ စပျစ်ခြံမစိုက်ပျိုးရ။ မပိုင်ဆိုင်ရ။ သင်တို့အသက်ရှင်သမျှကာလပတ်လုံး တဲဖြင့်သာနေရမည်။ သို့ပြုလျှင် ဧည့်သည်အဖြစ် သင်တို့တည်းခိုနေထိုင်ရသောထိုပြည်၌ အသက်တာရှည်မည်’ဟု မှာထားလေပြီ။
သင်တို့သည် ခုနစ်ရက်ပတ်လုံး ယာယီတဲ၌သာ နေထိုင်ရမည်။ အစ္စရေးအမျိုးသားတိုင်း ယာယီတဲ၌ နေထိုင်ရမည်။