မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ယေရမိ 34:4 - မြန်မာ့စံမီသမ္မာကျမ်း အို ယုဒဘုရင်ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ ထာဝရဘုရားက ‘သင်သည် ဓားဖြင့်သေရမည်မဟုတ်။ Common Language Bible အို ဇေဒကိမင်း၊ သင့်ကိုရည်မှတ်၍ ငါမိန့် မှာသည့်စကားကိုနားထောင်လော့။ သင် သည်စစ်ပွဲတွင်ကျဆုံးရလိမ့်မည်မဟုတ်။- Garrad Bible သို့ ရာ တွင်၊ ယု ဒ ဘု ရင် အို ဇေ ဒ ကိ မင်း၊ ဗျာ ဒိတ် တော် ကို နာ ခံ ဦး လော့။ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ခဲ့ သည် နှင့် အ ညီ သင် သည် ဓား လက် နက် ဖြင့် မ သေ။ Judson Bible သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဓားဖြင့်အသေမခံရ။ |
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
အို ယာကုပ်အမျိုးအနွယ်တို့၊ အစ္စရေးမျိုးနွယ်စုအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
ဇေဒကိကို ဘေဘီလုံမြို့သို့ခေါ်ဆောင်သွားလိမ့်မည်။ သူ့ကို ငါထာဝရဘုရားအကြည့်အရှုမကြွလာမချင်း ထိုမြို့၌ သူနေရလိမ့်မည်။ သင်တို့သည် ခါလဒဲ၏တပ်ကို တိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်ဟု ပရောဖက်ပြုဟောပြောရသနည်း”ဟု မိန့်ဆို၏။
သင်သည် ဘေဘီလုံဘုရင်၏လက်မှလွတ်မြောက်မည်မဟုတ်။ ဖမ်းဆီးခြင်း အမှန်ခံရမည်။ ထိုဘုရင်လက်အောက်သို့ ရောက်ရလိမ့်မည်။ သူနှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရလိမ့်မည်။ ဘေဘီလုံမြို့သို့ လိုက်ပါသွားရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်ဟု ပြောကြားလော့။
သင်သည် ငြိမ်းချမ်းစွာသေရလိမ့်မည်။ ရှေးယခင် သင့်ဘိုးဘေးဘုရင်တို့ကို ပြုပေးသကဲ့သို့ နံ့သာပေါင်းကိုရှို့လျက် အလို သခင်ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ငါကိုယ်တော်တိုင် သင့်အဖို့ မိန့်ဆိုထားခဲ့ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“သင်သည် ထာဝရဘုရား၏အိမ်တော်တံခါးဝ၌ ရပ်လျက် ‘ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရန် ဤတံခါးကိုဖြတ်၍ ဝင်လာသော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့’ဟူသော ဤသတင်းစကားကို ကြေညာလော့”ဟု မိန့်ဆို၏။
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။