ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာပြန်၍
ထာဝရဘုရားသည်ငါ့အား``ငါသည်မိမိ ရွေးချယ်ထားသည့်ဣသရေလအိမ်ထောင်စု နှင့် ယုဒအိမ်ထောင်စုကိုပစ်ပယ်တော်မူပြီဟု လူတို့ပြောဆိုနေကြသည်ကိုသင်သတိပြု မိပါ၏လော။ သူတို့သည်ဤသို့လျှင် ငါ၏ လူမျိုးတော်အားမထီမဲ့မြင်ပြု၍လူမျိုး တစ်ရပ်အနေဖြင့်ပင်မမှတ်မယူကြတော့ ပေ။-
တစ် ဖန်၊ ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား။
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
ကောင်းကင်ကြယ်များ မရေတွက်နိုင်အောင်များပြားသကဲ့သို့၊ သမုဒ္ဒရာသဲလုံးများ အတိုင်းအဆမရှိများပြားသကဲ့သို့ ငါ့အစေအပါးဒါဝိဒ်အမျိုးအနွယ်၊ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုးတို့ကို ငါများပြားစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“လူတို့က ‘ထာဝရဘုရားသည် မိမိရွေးချယ်တော်မူသောလူမျိုးနှစ်မျိုးကို စွန့်ပယ်တော်မူပြီ’ဟု ပြောဆိုကြသောစကားကို သင်သတိမပြုမိသလော။ သူတို့သည် ငါ့လူမျိုးတော်ကို မထီလေးစားပြုကြလေပြီ။ လူမျိုးတစ်မျိုးအဖြစ် မမှတ်ကြတော့ပေ။