ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
ယေရမိ 32:25 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်က အကျွန်ုပ်အား အသိသက်သေခေါ်၍ ထိုလယ်ကို ငွေပေးဝယ်ယူလော့ဟု မိန့်ဆိုသော်လည်း ဤမြို့သည် ခါလဒဲတပ်၏လက်သို့ရောက်သွားပါပြီတကား’ဟူ၍ လျှောက်ဆိုသည်”ဟု ဆိုလေ၏။ Common Language Bible သို့ရာတွင် အို ထာဝရအရှင်ဘုရားသခင်၊ ဤမြို့ကိုဗာဗုလုန်ပြည်သားတို့သိမ်းပိုက် အံ့ဆဲဆဲ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးအားအသိသက်သေများရှေ့တွင် လယ်မြေကိုဝယ်ယူရန်အမိန့်ပေးတော် မူပါသည်တကား'' ဟုလျှောက်လေ၏။ Garrad Bible ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ မြို့ ရောက် လျက် ပင်၊ ကိုယ် တော် က၊ ထို မြေ ကွက် ကို တန် ဖိုး နှင့် ဝယ် ၍၊ သက် သေ တို့ ကို ခေါ် လော့ ဟု မိန့် တော် မူ ပါ ပြီ။ အို အ ရှင် ထာ ဝ ရ ဘု ရား ဟူ သော တောင်း လျှောက် ချက် ကို ပြန် ကြား ၏။ Judson Bible ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ရောက်သော်လည်း၊ အို အရှင်ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထားရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ၏။ |
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
သူတို့နှင့် သူတို့၏ဘိုးဘေးတို့အား ငါပေးသောပြည်တွင် သူတို့တစ်ယောက်မျှမကြွင်းကျန်တော့သည့်တိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကို သူတို့ထံ စေလွှတ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက နောင်တွင် ဤပြည်၌ အိမ်များ၊ လယ်ယာများ၊ စပျစ်ခြံများကို ဝယ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ငါပြော၏။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံသောပြည်၊ ခါလဒဲတပ်၏လက်သို့ ရောက်သွားသောပြည်ဖြစ်၏ဟု သင်တို့ပြောသော ထိုပြည်မှလယ်ကို ဝယ်ယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ယေရှုကလည်း“သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူလျှင်