“ကုန်ဆုံးသွားသောလများကဲ့သို့၊ ငါ့ကို ဘုရားသခင် စောင့်ရှောက်တော်မူသောနေ့ရက်များကဲ့သို့ ပြန်ဖြစ်ချင်မိပါ၏။
ယေရမိ 31:28 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ငါသည် သူတို့ကို နုတ်ပယ်ဖြိုချမှောက်လှန်ဖျက်ဆီးပြီး ဒုက္ခရောက်စေဖို့ စောင့်ကြည့်သကဲ့သို့ တည်ထောင်ပြုစုဖို့ စောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်ဂရုပြု၍သူတို့အားနုတ်ပယ်ဖြိုချ၊ မှောက်လှန်ဖျက်ဆီး၊ ပျက်ပြုန်းစေခဲ့သည်နည်း တူတစ်ဖန်ပြန်၍ပြုစုပျိုးထောင်တည်ဆောက် ၍ပေးမည်။- Garrad Bible ဆွဲ နုတ် ဖြို လှဲ မှောက် လှန် ပယ် ဖျက် ရန်၊ ငါ စောင့် ကြည့် ခဲ့ သည့် နည်း တူ၊ တည် ထောင် စိုက် ပျိုး ရန် ငါ စောင့် ကြည့် မည်။ Judson Bible ငါသည် သူတို့ကို နုတ်ပယ်ဖြိုချ မှောက်လှန်ဖျက်ဆီး ညှဉ်းဆဲခြင်းအမှုကို ပြုဖူးသည်နည်းတူ၊ တစ်ဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော်မူ၏။ |
“ကုန်ဆုံးသွားသောလများကဲ့သို့၊ ငါ့ကို ဘုရားသခင် စောင့်ရှောက်တော်မူသောနေ့ရက်များကဲ့သို့ ပြန်ဖြစ်ချင်မိပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကို ပြန်လည်တည်ဆောက်၍ မိမိ၏ဘုန်းအသရေတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
အကယ်စင်စစ် ဘုရားသခင်သည် ဇိအုန်ကိုကယ်တင်၍ ယုဒပြည်ရှိမြို့များကို ပြန်လည်တည်ဆောက်တော်မူလိမ့်မည်။ ထိုအခါ သူတို့သည် ထိုအရပ်တွင်နေထိုင်လျက် ၎င်းကိုပိုင်ဆိုင်ကြလိမ့်မည်။
လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက “သင်မြင်သည့်အတိုင်း မှန်ပေ၏။ အကြောင်းမူကား ငါ့စကားပြည့်စုံသည်ကို ငါစောင့်ကြည့်နေ၏”ဟု ငါ့အား မိန့်တော်မူ၏။
သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။
သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ဤလူမျိုးအပေါ် ကြီးမားသောဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေသည့်နည်းတူ ငါကတိထားသော ကောင်းကျိုးချမ်းသာအလုံးစုံကိုလည်း သူတို့အပေါ် သက်ရောက်စေမည်။
‘ဤပြည်၌သာ သင်တို့နေထိုင်မည်ဆိုလျှင် သင်တို့ကို တည်ဆောက်မည်၊ ဖြိုဖျက်မည်မဟုတ်။ သင်တို့ကို စိုက်ပျိုးမည်၊ နုတ်ပစ်မည်မဟုတ်။ သင်တို့ကို ဘေးအန္တရာယ်နှင့် ကြုံစေခဲ့သောကြောင့် ငါဝမ်းနည်း၏’ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ သူတို့ကို အကောင်း မဟုတ်၊ အဆိုးပြုရန် ငါကြည့်နေ၏။ အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့ တစ်ယောက်မကျန် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဖျက်ဆီးခြင်းခံရမည်။
ထို့ကြောင့် ဗာရုတ်အား ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါတည်ထောင်ခဲ့သော၊ ငါစိုက်ပျိုးခဲ့သော ဤပြည်တစ်ပြည်လုံးကို ငါဖြိုဖျက်မည်၊ နုတ်ပစ်မည်’ဟု မိန့်တော်မူ၏။
သို့သော် ထိုစပျစ်ပင်သည် ဒေါသတကြီး ဆွဲနုတ်ခံရ၏။ မြေပေါ်၌ ပစ်ထားခံရ၏။ အရှေ့လေတိုက်သောအခါ သူ၏အသီးတို့သည် ခြောက်သွေ့ကုန်၏။ သန်မာသောအကိုင်းအခက်တို့သည် ကျိုးပဲ့၍ခြောက်သွားပြီး မီးရှို့ခံရလေ၏။
သင်တို့ပေါ်တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို တိုးပွားများပြားစေမည်။ သူတို့သည် မြို့များ၌ နေထိုင်ကြလိမ့်မည်။ ပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။
ထာဝရဘုရားသည် စောင့်ကြည့်လျက် အကျွန်ုပ်တို့ကို ဘေးဆိုးသင့်စေပြီ။ စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုအလုံးစုံတို့သည် ဖြောင့်မှန်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏စကားတော်ကို နားမထောင်ဘဲ နေမိခဲ့ကြပါ၏။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
ထိုနေ့ရက်၌ ပြိုလဲခဲ့သည့်ဒါဝိဒ်၏တဲကို ပြန်လည်ထူထောင်မည်။ ပေါက်ပြဲရာများကို ပြန်လည်ဖာထေးမည်။ ပျက်စီးရာများကို ပြန်လည်ပြုပြင်မည်။ ရှေးကာလကဲ့သို့ ပြန်လည်တည်ဆောက်မည်။
“ဖမ်းခေါ်သွားခြင်းခံရသည့် ငါ့လူမျိုးတော်အစ္စရေးအမျိုးသားတို့ကို ငါပြန်လာစေမည်။ သူတို့သည် ဖျက်ဆီးခြင်းခံရသောမြို့များကို ပြန်လည်တည်ဆောက်၍ နေထိုင်ကြလိမ့်မည်။ စပျစ်ပင်များကို စိုက်၍ စပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ဥယျာဉ်ခြံများကို စိုက်ပျိုး၍ အသီးအနှံတို့ကို စားရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးတို့အား အမျက်ထွက်ခဲ့စဉ်အခါက သင်တို့အပေါ်သို့ ဘေးဆိုးကို ကျရောက်စေမည်ဟု ငါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း စိတ်ပြောင်းလဲမည်မဟုတ်။
ယခုကာလတွင်လည်း ယုဒအမျိုးအနွယ် ဂျေရုဆလင်မြို့သားတို့ ကောင်းစားဖို့ ငါပြုမည်ဟု စိတ်ပိုင်းဖြတ်ထားပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။
‘ဤအရာများနောက်တွင် ငါသည် ပြန်လာ၍ ပြိုလဲသောဒါဝိဒ်၏တဲကို ပြန်၍တည်ဆောက်မည်။ ငါသည် ဖြိုဖျက်ခြင်းခံရသော ထိုတဲကို ပြန်၍တည်ဆောက်ပြီး ၎င်းကို ပြန်လည်ခိုင်ခံ့စေမည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌အောင်မြင်စေတော်မူမည့်အကြောင်း၊ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံကိုလည်း တိုးပွားစေတော်မူမည့်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုကောင်းစားစေတော်မူရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင်၌လည်း နှစ်သက်အားရတော်မူမည့်အကြောင်း