ယာကုပ်သည် အိပ်ပျော်ရာမှနိုးလာသောအခါ “အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ သို့ပါလျက် ငါမသိခဲ့ပါတကား”ဟု ဆို၏။
ယေရမိ 31:26 - မြန်မာ့စံမီသမ္မာကျမ်း ဤတွင် ငါနိုးလာ၍ မော်ကြည့်လိုက်၏။ ငါသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါသည်တကား။ Common Language Bible သို့ဖြစ်၍လူတို့က`ငါတို့သည်အိပ်ရာဝင်ပြီး နောက်လန်းဆန်းစွာနိုးထ၍လာ၏' ဟုပြော ဆိုကြလိမ့်မည်။ Garrad Bible ငါ နိုး ထ၍ မြော် မြင် ရာ၊ အိပ် မက် ကြောင့် အား ရ ၏။ Judson Bible ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။ |
ယာကုပ်သည် အိပ်ပျော်ရာမှနိုးလာသောအခါ “အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ သို့ပါလျက် ငါမသိခဲ့ပါတကား”ဟု ဆို၏။
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
သင်အိပ်သောအခါ ကြောက်ရွံ့ခြင်းမရှိရ။ သင်အိပ်သောအခါ နှစ်ခြိုက်စွာအိပ်စက်ရလိမ့်မည်။