ထို့နောက် သူသည် မျက်နှာသစ်၍ အပြင်သို့ထွက်လာပြီးလျှင် စိတ်ကိုထိန်းလျက် “အစားအစာပြင်ဆင်လော့”ဟု အမိန့်ပေး၏။
ယေရမိ 31:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “သင်မငိုနှင့်တော့၊ မျက်ရည်မကျနှင့်တော့။ သင်၏ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်ရှိ၏။ သူတို့သည် ရန်သူ၏ပြည်မှ ပြန်လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ``သင်သည်ငိုကြွေးမှုကိုရပ်စဲ၍ မိမိမျက်ရည်များကိုသုတ်လော့။ သားသမီးများအတွက်သင်ပြုခဲ့သည့်အမှု အပေါင်းသည်အချည်းနှီးဖြစ်ရလိမ့်မည် မဟုတ်။ ထိုသူတို့သည်ရန်သူ့ပြည်မှပြန်လာကြလိမ့် မည်'' ဟု ထာဝရဘုရားမိန့်ဆို၏။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ ထို သား သ မီး တို့ သည် ရန် သူ တို့ ပြည် မှ ပြန် လာ လျက်၊ ကိုယ့် ပြည် သို့ ဝင် ရောက် သ ဖြင့်၊ သင် သည် လုပ် ဆောင် ခြင်း အ ကျိုး ကို ခံ ရ ၍၊ နောက် နောင် စောင့် မြော် ရန် ရှိ သော ကြောင့်၊ ငို ကြွေး သံ ပြု ခြင်း၊ မျက် ရည် ကျ ခြင်း ကို ချုပ် တည်း လော့။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။ |
ထို့နောက် သူသည် မျက်နှာသစ်၍ အပြင်သို့ထွက်လာပြီးလျှင် စိတ်ကိုထိန်းလျက် “အစားအစာပြင်ဆင်လော့”ဟု အမိန့်ပေး၏။
ထိုအခါ ယောသပ်သည် မိမိအနား၌ရပ်နေသောသူအပေါင်းတို့ရှေ့တွင် မိမိစိတ်ကို မထိန်းနိုင်သဖြင့် “လူအားလုံး ငါ့ထံမှထွက်သွားကြ”ဟု ဟစ်အော်လေ၏။ ဤသို့ဖြင့် ယောသပ်သည် သူ့အနား၌ အခြားမည်သူတစ်ယောက်မျှမရှိသောအခါ မိမိညီအစ်ကိုတို့အား မိမိမည်သူဖြစ်ကြောင်း ပြောပြ၏။
သင်တို့မူကား အားယူကြလော့။ စိတ်မပျက်ကြနှင့်။ အကြောင်းမူကား သင်တို့၏လုပ်ဆောင်မှုအတွက် အဖိုးအခကို ရရှိကြလိမ့်မည်”ဟု ဆင့်ဆို၏။
မျက်ရည်ဖြင့် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ရိတ်သိမ်းရကြလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ဂျေရုဆလင်မြို့တွင်နေထိုင်သော အို ဇိအုန်မြို့သားတို့၊ သင်တို့ ငိုကြွေးရတော့မည်မဟုတ်။ ကိုယ်တော်သည် သင်တို့အော်ဟစ်သောအခါ သင်တို့ကို အမှန်ပင်သနားတော်မူမည်။ သင်တို့အော်ဟစ်သံကို ကြားသောအခါ ထူးတော်မူမည်။
ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တန်ခိုးဖြင့်ကြွလာတော်မူ၏။ ကိုယ်တော်သည် လက်ရုံးတော်ဖြင့် အုပ်စိုးတော်မူ၏။ ကြည့်ရှုလော့။ ဆုလာဘ်သည် ကိုယ်တော်နှင့်အတူရှိ၏။ အဖိုးအခသည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏။
“ကြွင်းကျန်သော ငါ၏သိုးစုကို ငါနှင်ထုတ်ရာအရပ်ရပ်မှ ငါစုသိမ်းမည်။ သူတို့၏စားကျက်မြေသို့ သူတို့ကို ပြန်ခေါ်လာမည်။ သူတို့သည် တိုးပွားများပြားကြလိမ့်မည်။
သင်တို့သည် ငါ့ကို တွေ့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သင်တို့ကို ငါပြန်ခေါ်လာမည်။ လူမျိုးတကာတို့ထံမှလည်းကောင်း၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှလည်းကောင်း သင်တို့အား ပြန်စုဝေးစေမည်ဟုလည်း ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်ရာအရပ်မှ သင်တို့ကိုပြန်ခေါ်လာမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ပျက်စီးသွားသောယာကုပ်၏တဲများကို နဂိုအတိုင်းပြန်ဖြစ်စေမည်။ သူတို့အိမ်သူအိမ်သားများကို ကရုဏာထားမည်။ မြို့ကို အပျက်အစီးပုံပေါ်မှာ ပြန်တည်ဆောက်စေမည်။ နန်းတော်သည်လည်း မူလအတိုင်း တည်ရှိမည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
ဖမ်းခေါ်သွားခြင်းခံရသော ယုဒလူမျိုး၊ အစ္စရေးလူမျိုးတို့ကို ပြန်လာစေမည်။ ယခင်ကကဲ့သို့ ပြန်လည်တည်ဆောက်မည်။
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
အကြောင်းမူကား ယေရှုသည် အသေခံပြီးနောက် ထမြောက်တော်မူသည်ဟု ငါတို့ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုကဲ့သို့ပင် ထိုသခင်နှင့်အတူခေါ်ထုတ်တော်မူလိမ့်မည်။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။