ဖန်ဆင်းခြင်းခံရမည့်လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြမည့်အကြောင်း ဤအရာကို နောင်လာမည့်မျိုးဆက်အတွက် ရေးမှတ်ထားကြပါစေ။
ယေရမိ 30:20 - မြန်မာ့စံမီသမ္မာကျမ်း သူ၏သားသမီးတို့သည် ယခင်ကကဲ့သို့ဖြစ်လိမ့်မည်။ လူထုတစ်ရပ်လုံး ငါ့ရှေ့မှောက်၌ တည်နေလိမ့်မည်။ သူ့အား ညှဉ်းဆဲသောသူအားလုံးကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်ဤပြည်အားရှေးအခါကရရှိခဲ့သည့် တန်ခိုးအာဏာကိုပြန်လည်ပေး၍ ထိုတန်ခိုးအာဏာကိုလည်းတည်တံ့ခိုင်မြဲ စေမည်။ သူတို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းကိုငါ အပြစ်ဒဏ်ခတ်မည်။ Garrad Bible ရှေး ကာ လ ကဲ့ သို့ သား သ မီး များ ပြား လျက်၊ ရှေ့ တော် တွင် လူ ပ ရိ သတ် တည် မြဲ ကြ ရာ၊ ညှဉ်း ပန်း သူ တို့ ကို ငါ ဒဏ် ခတ် လိမ့် မည်။ Judson Bible အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ်တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။ |
ဖန်ဆင်းခြင်းခံရမည့်လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြမည့်အကြောင်း ဤအရာကို နောင်လာမည့်မျိုးဆက်အတွက် ရေးမှတ်ထားကြပါစေ။
ကိုယ်တော့်အစေအပါးများ၏သားသမီးတို့သည် ဆက်လက်တည်၍ သူတို့၏သားစဉ်မြေးဆက်တို့သည် ကိုယ်တော်၏ရှေ့တော်၌ မြဲမြံကြပါလိမ့်မည်”ဟု လျှောက်ထား၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်၏အရှင်သခင်၊ မိမိလူမျိုးတော်ကိုကာကွယ်သော သင်၏ဘုရားသခင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလား၊ ငါ့အမျက်တော်ဖလားထဲမှ အနည်အဖတ်ကို သင့်လက်မှ ငါသိမ်းယူပြီ။ သင်သည် ထိုဖလားကို နောက်တစ်ဖန်မသောက်ရ။
သင့်ကို ဖြောင့်မတ်ခြင်း၌ တည်စေမည်။ သင်သည် အနိုင်အထက်ပြုသူနှင့်ဝေးသောကြောင့် ကြောက်ရွံ့ရမည်မဟုတ်။ ထိတ်လန့်ခြင်းသည် သင့်ထံသို့ရောက်လာမည်မဟုတ်သောကြောင့် ထိတ်လန့်ရမည်မဟုတ်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကိုယ်တော့်ထံသို့ ပြန်လာစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့ပြန်လာကြပါမည်။ ရှေးကာလကကဲ့သို့ အကျွန်ုပ်တို့၏နေ့ရက်များကို အသစ်ဖြစ်စေတော်မူပါ။
ငါသည် ယုဒအမျိုးအနွယ်ကို ခွန်အားနှင့်ပြည့်စေမည်။ ယောသပ်အမျိုးအနွယ်ကို ကယ်တင်မည်။ သူတို့ကိုသနားစုံမက်သောကြောင့် ပြန်လည်ခေါ်ဆောင်လာမည်။ သူတို့သည် ငါမစွန့်ပယ်ဖူးသောသူကဲ့သို့ ဖြစ်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသောကြောင့် သူတို့ကို ငါထူးမည်။
ငါသည် သူတို့ကို လေချွန်ပြီး ခေါ်ယူစုသိမ်းမည်။ သူတို့ကို အမှန်ပင် ရွေးနုတ်ကယ်တင်မည်။ ယခင်က တိုးပွားခဲ့သည့်အတိုင်း ဆက်လက်တိုးပွားစေမည်။
မြို့လမ်းတို့သည်လည်း ပြေးလွှားဆော့ကစားနေသောကလေးသူငယ်များနှင့် ပြည့်နေကြလိမ့်မည်’ဟု မိန့်တော်မူ၏။