ဇိအုန်ကိုမုန်းသောသူရှိသမျှတို့သည် အရှက်ကွဲလျက် နောက်သို့ပြန်ဆုတ်ကြရပါစေ။
ယေရမိ 30:16 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။ Garrad Bible သို့ ဖြစ်၍ သင့် ကို မျို စား သူ အ ပေါင်း တို့ သည် မျို စား ခြင်း၊ ရန် ဘက် ဟူ သ မျှ သည် သုံ့ ပန်း ခြင်း၊ လု ယူ သူ တို့ လည်း လု ယူ ခြင်း ခံ ရ လျက်၊ လု ယက် သူ အ ပေါင်း တို့ ကို လု ယက် ခြင်း သို့ ငါ လွှဲ အပ် လိမ့် မည်။ Judson Bible သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်းတို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။ |
ဇိအုန်ကိုမုန်းသောသူရှိသမျှတို့သည် အရှက်ကွဲလျက် နောက်သို့ပြန်ဆုတ်ကြရပါစေ။
သင်သည် သူ၏စကားကို သေချာစွာနားထောင်၍ ငါမိန့်ဆိုသောအရာရှိသမျှတို့ကိုပြုကျင့်လျှင် သင့်ရန်သူတို့သည် ငါ့ရန်သူဖြစ်မည်။ သင့်ကိုရန်ပြုသောသူတို့ကို ငါရန်ပြုမည်။
အကြောင်းမူကား ထာဝရဘုရားသည် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ သူတို့ထံမှလုယူသောသူတို့၏အသက်ကို လုယူတော်မူလိမ့်မည်။
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။
ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။
တစ်စုံတစ်ဦးသည် သင့်ကို ရန်ပြုခဲ့လျှင် ထိုအမှုသည် ငါ့ထံမှလာသည်မဟုတ်။ သင့်ကိုရန်ပြုသောသူသည် သင့်ရှေ့၌ကျဆုံးလိမ့်မည်။
သင့်ကိုတိုက်ခိုက်ရန် ထုတ်လုပ်သောလက်နက်ရှိသမျှသည် အထမြောက်မည်မဟုတ်။ သင်နှင့်တရားဆိုင်၍ သင့်ကိုဆန့်ကျင်သောလျှာရှိသမျှတို့ကို သင်က အောင်နိုင်လိမ့်မည်။ ဤသည်ကား ထာဝရဘုရား၏အစေအပါးတို့ ရရှိသောအမွေ၊ ငါ့ထံမှရရှိသောဖြောင့်မတ်ခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကိုမသိသော လူမျိုးခြားတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကိုမခေါ်သော မျိုးနွယ်စုတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။ အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ အကုန်အစင်ဖျက်ဆီးလေပြီ။ သူနေထိုင်ရာအရပ်ကိုလည်း ဖျက်ဆီးလေပြီ။
ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့ အမွေဆက်ခံရန် ငါပေးထားသောအမွေပြည်ကိုထိပါးလာသော အိမ်နီးချင်းဆိုးအပေါင်းတို့ကို သူတို့ပြည်မှ ထုတ်ပစ်မည်။ ယုဒအမျိုးအနွယ်တို့ကိုလည်း သူတို့ထဲမှ ထုတ်ပစ်မည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး၊ ကိုယ်တော်၏အသီးအနှံတို့တွင် အသီးဦးဖြစ်၏။ သူ့ကို ဝါးမျိုသောသူအပေါင်းတို့အပေါ် အပြစ်သက်ရောက်မည်၊ ဘေးအန္တရာယ်ကျရောက်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သင့်ဒဏ်ရာအတွက် အဘယ်ကြောင့်အော်ဟစ်ရသနည်း။ သင်၏ဝေဒနာ ပျောက်ကင်းနိုင်မည်မဟုတ်။ သင်၏အပြစ်ကြီးမား၍ သင်၏ဒုစရိုက်များပြားသောကြောင့် သင့်ကို ငါဤသို့ပြုခြင်းဖြစ်၏။
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
ဒန်ပြည်မှ မြင်းနှာမှုတ်သံကိုကြားရ၏။ စစ်မြင်းတို့၏ဟီသံကြောင့် တစ်ပြည်လုံးတုန်ခါလေ၏။ ရန်သူတို့သည် ရောက်လာ၍ ပြည်နှင့်ပြည်ထဲရှိအရာအားလုံးတို့ကိုလည်းကောင်း၊ မြို့နှင့်မြို့သူမြို့သားတို့ကိုလည်းကောင်း ဝါးမျိုလေပြီ။
အကျွန်ုပ်ညည်းတွားသံကို ကြားသော်လည်း အကျွန်ုပ်ကို နှစ်သိမ့်ပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဒုက္ခရောက်ကြောင်းကို အကျွန်ုပ်၏ရန်သူအပေါင်းတို့ ကြားကြပါပြီ။ ကိုယ်တော် ဤသို့ပြုတော်မူသည်ကို သူတို့ နှစ်သက်အားရကြပါ၏။ ကိုယ်တော်မိန့်ဆိုထားသောနေ့ရက် ရောက်လာပါစေ။ သူတို့သည် အကျွန်ုပ်ကဲ့သို့ ဖြစ်ကြပါစေ။
သူတို့ပြုသောမကောင်းမှုအလုံးစုံတို့သည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်ကျူးလွန်မိသောအပြစ်အလုံးစုံအတွက် အကျွန်ုပ်ခံရသကဲ့သို့ သူတို့ကိုလည်း ခံရစေပါ။ အကျွန်ုပ်အလွန်ညည်းတွားရသည်ဖြစ်၍ စိတ်နှလုံးညှိုးနွမ်းလျက်ရှိပါ၏။
သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အစ္စရေးလူမျိုးတို့အဖို့ ကျူတောင်ဝှေးဖြစ်ခဲ့ဖူးသော အီဂျစ်ပြည်သားတို့ သိကြလိမ့်မည်။
သင်သည် ရှေးယခင်ကပင် အငြိုးထားခဲ့၏။ အစ္စရေးအမျိုးသားတို့ ဘေးဒုက္ခရောက်ချိန်၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်တွင် သင်သည် သူတို့ကို ဓားလက်သို့အပ်လိုက်၏။
သင်တို့၏သားသမီးများကို ယုဒအမျိုးသားတို့လက်သို့ ငါရောင်းပစ်မည်။ ယုဒအမျိုးသားတို့ကလည်း သူတို့ကို ရပ်ဝေးရှိ ရှေဘလူမျိုးတို့ထံသို့ ရောင်းပစ်လိမ့်မည်။ စင်စစ် ထာဝရဘုရား မိန့်တော်မူပြီ။”
ယခုမူ “ဇိအုန်မြို့၊ အသရေပျက်ပါစေ။ သူ့ကို ငါတို့ ဝမ်းသာအားရကြည့်ရပါစေ”ဟု ဆိုသောလူမျိုးများစွာတို့သည် သင့်ကို ဆန့်ကျင်စုရုံးကြ၏။
“သင်၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာရှိသနည်း”ဟု ငါ့အား ပြောဆိုသောရန်သူသည် ထိုအဖြစ်ကိုမြင်၍ အရှက်ကွဲရလိမ့်မည်။ ယခုတွင် သူသည် လမ်းပေါ်မှ ရွှံ့ကဲ့သို့ နင်းချေခံရသည်ကို ငါ့မျက်စိဖြင့် တပ်အပ်မြင်ရလိမ့်မည်။
သို့သော် နိနေဝေမြို့ကို ရေလွှမ်းမိုးသုတ်သင်ဖျက်ဆီးတော်မူမည်။ မိမိရန်သူတို့၏နောက်သို့ အမှောင်ထုကြီးလိုက်စေမည်။
သင်သည် ဂုဏ်သရေအစား အရှက်ကွဲခြင်းနှင့် ကြုံရလိမ့်မည်။ ထာဝရဘုရား၏လက်ယာလက်တော်ရှိဖလားတော်သည် သင့်ထံသို့လှည့်လာပြီဖြစ်၍ ထိုဖလားတော်ကို သောက်ပြီး အရေဖျားမလှီးထားသောသင့်အရှက် ပေါ်လိမ့်မည်။ သင့်ဂုဏ်သရေသည် အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းသွားလိမ့်မည်။
“မောဘပြည်သားတို့၏ကဲ့ရဲ့သံ၊ အမ္မုန်အမျိုးသားတို့၏စော်ကားသံကိုငါကြားပြီ။ သူတို့သည် ငါ့လူမျိုးတော်ကိုကဲ့ရဲ့ကြ၏။ ငါ့လူမျိုးတော်၏ပြည်ကိုလည်း ဆန့်ကျင်ပုန်ကန်ကြ၏။
ငါနှင့်စကားပြောနေသောကောင်းကင်တမန်က ငါ့အား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသောစကားများကို သင်ပြန်လည်ဆင့်ဆိုရမည်။ ကိုယ်တော်က ‘ငါသည် ဂျေရုဆလင်မြို့နှင့်ဇိအုန်တောင်ကို အလွန်ကြင်နာ၏။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ ငါသည် ဂျေရုဆလင်မြို့ကို ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ သောက်၍ယစ်မူးသောခွက် ဖြစ်စေမည်။ ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်သည်လည်း ဝိုင်းထားခြင်းခံရလိမ့်မည်။
ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။
ထာဝရဘုရားသည် သန့်ရှင်းရာပြည်၌ မိမိ၏ဝေစုအဖြစ် ယုဒပြည်ကို သိမ်းယူလိမ့်မည်။ ဂျေရုဆလင်မြို့ကိုလည်း ပြန်လည်ရွေးချယ်တော်မူလိမ့်မည်။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
သင့်ရန်သူတို့အပေါ်၊ သင့်ကိုမုန်းတီး၍ ညှဉ်းဆဲသောသူတို့အပေါ် ထိုကျိန်ခြင်းရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရား ကျရောက်စေတော်မူမည်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည့်သူသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်၏။ ဓားဖြင့်အသေသတ်ခြင်းခံရမည့်သူသည် ဓားဖြင့်အသေသတ်ခြင်းကိုခံရမည်ဖြစ်၏။ ဤနေရာတွင် သန့်ရှင်းသူတို့၏သည်းခံခြင်းနှင့်သစ္စာစောင့်ခြင်းတို့ရှိကြ၏။
အစ္စရေးအမျိုးသားတို့သည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာပြီး သူတို့၏တပ်စခန်းတို့ကိုလည်း ဝင်ရောက်လုယက်ကြ၏။