“သုံ့ပန်းအားလုံးတို့အား ဤသို့မှာလိုက်လော့။ နဟေလံရွာသား ရှေမာယနှင့်ပတ်သက်၍ ထာဝရဘုရားက ရှေမာယသည် သင်တို့ကို ပရောဖက်ပြုဟောပြောလေပြီ။ သူ့ကိုငါစေလွှတ်သည်မဟုတ်။ သူသည် သင်တို့အား မုသားကို ကိုးစားစေပြီဟု မိန့်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ နဟေလံရွာသားရှေမာယနှင့် သူ၏အမျိုးကို ငါသည်ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏ လူတစ်ယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတ္တံ့သော ကျေးဇူးကို သူသည်မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။
ပရောဖက်က “ငါသည်လည်း သင်ကဲ့သို့ ပရောဖက်တစ်ပါးပင်ဖြစ်ပါ၏။ ‘သူ့ကို သင့်အိမ်သို့ ပြန်ခေါ်သွားပါ။ အစာလည်း ကျွေးပါ၊ ရေလည်း တိုက်ပါ’ဟူသည့် ထာဝရဘုရား၏စကားတော်ကို ကောင်းကင်တမန်တစ်ပါးက ငါ့အား မိန့်တော်မူပြီ”ဟု လိမ်ညာပြောဆိုလေ၏။
“ထိုပရောဖက်တို့ကို ငါမစေလွှတ်သော်လည်း သူတို့အပြေးအလွှားသွားကြပြီ။ ငါမမိန့်မှာသော်လည်း သူတို့သဘောနှင့်သူတို့ ဟောပြောကြပြီ။
ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ငါနှင်ထုတ်လိုက်၍ ဖမ်းခေါ်သွားခြင်းခံရသူအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
ထို့နောက် ယေရမိထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၍
ထာဝရဘုရားက သူတို့ကို ငါမစေလွှတ်ဘဲ ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏ဟူ၍ မိန့်တော်မူ၏။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။