ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
ယေရမိ 28:7 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် သင်နှင့်တကွ လူအပေါင်းတို့အား ငါပြောသောစကားကို နားထောင်လော့။ Common Language Bible သို့ရာတွင်သင်နှင့်တကွပြည်သူအပေါင်း တို့အား ငါပြောဆိုသည့်စကားကိုနား ထောင်လော့။- Garrad Bible သို့ ရာ တွင်၊ သင် နှင့် တ ကွ ဤ ပ ရိ သတ် ရှေ့၊ ငါ ပြော မည့် စ ကား ကို နား ထောင် ပါ ဦး။ Judson Bible သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသောစကားကို နားထောင်လော့။ |
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
သင်နှင့်ကျွန်ုပ်မရှိမီ ယခင်ကရှိနှင့်သော ပရောဖက်တို့သည် တိုင်းနိုင်ငံကြီးများနှင့်တကွ အပြည်ပြည်တို့တွင် စစ်ဘေး၊ ဆင်းရဲဒုက္ခဘေးနှင့် ကပ်ရောဂါဘေးတို့ဖြစ်မည့်အကြောင်း ပရောဖက်ပြုဟောပြောခဲ့ကြ၏။