သံ၊ အထူးသဖြင့် မြောက်အရပ်မှသံ၊ သို့မဟုတ် ကြေးနီကို ချိုးနိုင်သောသူရှိသလော။
ယေရမိ 28:14 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤလူမျိုးအပေါင်းတို့၏ပခုံးပေါ်၌ သံထမ်းပိုးကို ငါတင်ပြီ။ သူတို့သည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စင်စစ်အစေခံရမည်။ တောရိုင်းတိရစ္ဆာန်များကိုလည်း သူ့အား ငါပေးအပ်လေပြီ’ဟူ၍ မိန့်တော်မူကြောင်းဆင့်ဆိုလော့”ဟု မိန့်ဆို၏။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။- Garrad Bible ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ ၏ အ မှု ကို ထမ်း ကြ ရ စေ ခြင်း ငှာ၊ ဆို ခဲ့ သော လူ မျိုး တို့ ကုပ်၌၊ သံ ထမ်း ပိုး ကို ငါ တင် ပြီး သည့် အ လျောက်၊ ထမ်း ကြ ရ မည်။ သား ယဉ် သား ရဲ တို့ ကို လည်း ငါ လွှဲ အပ် လေ ပြီ ဟု၊ ဗိုလ် ခြေ တို့ အရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ Judson Bible ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုခံစေခြင်းငှာ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းပိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏အစေကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ငါအပ်ပေးပြီဟု မိန့်တော်မူ၏။ |
သံ၊ အထူးသဖြင့် မြောက်အရပ်မှသံ၊ သို့မဟုတ် ကြေးနီကို ချိုးနိုင်သောသူရှိသလော။
သူတို့၏သခင်တို့အားလည်း အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။
ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။
အရပ်ရပ်ရှိလူသားများ၊ တောတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များကို အရှင်မင်းကြီးလက်သို့ အပ်တော်မူသဖြင့် အရှင်မင်းကြီးသည် အလုံးစုံကို အုပ်စိုးရပါ၏။ ရုပ်တု၏ရွှေဦးခေါင်းသည် အရှင်မင်းကြီးပင် ဖြစ်ပါ၏။
ဧဖရိမ်အမျိုးသည် တလင်းနယ်ရာတွင် ကျင့်သားရသောနွားမတမ်းဖြစ်၏။ တလင်းနယ်ရသည်ကိုလည်းနှစ်သက်သဖြင့် ငါသည် ချောမွတ်သောသူ့လည်ပင်းပေါ်တွင် ထမ်းပိုးတင်မည်။ ငါသည် ဧဖရိမ်အမျိုးကို ထမ်းပိုးထမ်းစေမည်။ ယုဒအမျိုးကို လယ်ထွန်စေမည်။ ယာကုပ်အမျိုးကို ထယ်ထိုးစေမည်။”
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။