ယေရမိ 27:9 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်ဟု ဆိုသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၊ အိပ်မက်နိမိတ်ရသူများ၊ ဗေဒင်ဆရာများနှင့် မှော်ဆရာများ၏စကားကို နားမထောင်ကြနှင့်။ Common Language Bible အိပ်မက်အနက်ဖွင့်သူများ၊ လူသေဝိညာဉ် များကိုခေါ်ယူ၍ မှော်အတတ်အားဖြင့် အနာဂတ်ကိုဟောနိုင်သည်ဟုဆိုသူများ၊ သို့မဟုတ်သင်တို့၏ပရောဖက်များ၏ စကားကိုနားမထောင်ကြနှင့်။ သူတို့ အားလုံးပင်လျှင်သင်တို့အားဗာဗုလုန် ဘုရင်၏အစေကိုမခံရန်ပြောကြား ကြ၏။- Garrad Bible သင် တို့ မှာ မူ၊ ဗာ ဗု လုန် ဘု ရင် ၏ အ မှု ကို မ ထမ်း ကြ ရ ဟု ဆို သူ၊ ကိုယ့် ပ ရော ဖက်၊ ဟူး ရား ဆ ရာ၊ အိပ် မက် ဆ ရာ၊ ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ များ တို့ သည်၊ နေ ရင်း ပြည် မှ ငါ နှင် ထုတ် သည့် အ တိုင်း၊ ဝေး ကွာ စွာ နေ ရ သော သင် တို့ ပျက် စီး ကြ စေ ခြင်း ငှာ၊ မု သာ ဟော ပြော ကြ သော ကြောင့်၊ သူ တို့ စ ကား ကို နား မ ထောင် ကြ လင့်။ Judson Bible သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ |
ထိုအခါ ဖာရောမင်းကြီးသည် ပညာရှိများနှင့်မှော်ဆရာများကိုခေါ်၍ ထိုအီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏နတ်ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြုကြ၏။
ငါ့သား၊ သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုနားမထောင်တော့လျှင် အသိပညာစကားတို့မှ လမ်းလွဲသွားလိမ့်မည်။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
ထာဝရဘုရားကလည်း “ထိုပရောဖက်တို့သည် ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ငါသည် သူတို့ကိုမစေလွှတ်၊ မမိန့်မှာ၊ မမြွက်ဆို။ သူတို့သည် သင်တို့အား မဟုတ်မမှန်သောဗျာဒိတ်နိမိတ်၊ ဂမ္ဘီရအတတ်၊ အကျိုးမဲ့သောအရာ၊ သူတို့စိတ်ထဲရှိလှည့်စားမှုအတိုင်း ပရောဖက်ပြုကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
“ငါ့နာမဖြင့် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့က ‘ငါအိပ်မက်ရပြီ၊ ငါအိပ်မက်ရပြီ’ဟု ပြောဆိုသည်ကို ငါကြားရပြီ။
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက သင်တို့တွင်ရှိသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၏လှည့်စားခြင်းကို မခံနှင့်။ သင်တို့မြင်မက်သော အိပ်မက်တို့ကိုလည်း မယုံကြနှင့်ဟူ၍ မိန့်တော်မူ၏။
သင်တို့သည် မဟုတ်မမှန်သည်ကိုမြင်ပြီး အလိမ်အညာဗေဒင်များကို ဟောပြောနေစဉ်တွင် အပြီးသတ်ဒဏ်ခတ်မည့်နေ့ရက်သည် ရောက်လာပြီး ဓားတော်သည် သေဒဏ်ခံရမည့် ဆိုးယုတ်သူတို့၏လည်ပင်းပေါ်တွင် တင်ထားလျက်ရှိလေပြီ။
မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒပညာရှင်များအား ငါ့အိပ်မက်ကို ပြောပြသော်လည်း မည်သူမျှအိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြပေးနိုင်ကြ။
သို့ဖြစ်၍ ဗျာဒိတ်ရသူတို့သည် အရှက်ကွဲရလိမ့်မည်။ ဂမ္ဘီရအတတ်ကိုသုံးသောသူတို့သည် မျက်နှာပျက်ရလိမ့်မည်။ ဘုရားသခင်သည် သူတို့ကိုထူးတော်မမူသောကြောင့် သူတို့အားလုံး နှုတ်ပိတ်နေရလိမ့်မည်။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သည် သူ့ကိုအာရုံစိုက်ကြခြင်းမှာ သူသည် ကာလကြာမြင့်စွာ မှော်အတတ်ဖြင့် သူတို့ကို အံ့ဩငေးမောစေခဲ့သောကြောင့်ဖြစ်၏။
အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
ထိုနိမိတ်လက္ခဏာ၊ သို့မဟုတ် အံ့ဩဖွယ်အမှုတို့လည်း ပြည့်စုံလာပြီး ‘သင်တို့မသိသောအခြားဘုရားများနောက်သို့ လိုက်သွားကြကုန်စို့။ ဝတ်ပြုကြကုန်စို့’ဟု သင်တို့အားဆိုလျှင်လည်း
သင်တို့နှင်ထုတ်ရမည့်ထိုလူမျိုးတို့သည် ဗေဒင်အတတ်ကိုသုံးသောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၏စကားကို နားထောင်တတ်ကြ၏။ သင့်ကိုကား သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသို့ခွင့်ပြုတော်မမူ။
အစ္စရေးအမျိုးသားတို့ ဓားဖြင့်ကွပ်မျက်ခဲ့သောသူတို့တွင် ဗောရ၏သား ဂမ္ဘီရအတတ်ပညာရှင်ဗာလမ်လည်း ပါ၏။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။
မိမိတို့ပြုခဲ့သော လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ခိုးယူခြင်းတို့အတွက်လည်း နောင်တမရဘဲနေကြ၏။