ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
ယေရမိ 27:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏သခင်တို့အားလည်း အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ငါ့ အား``သင်သည်ထိုသံတမန်များမှတစ်ဆင့် မိမိတို့၏ဘုရင်များအားဤသို့ပြော ကြားစေလော့။- Garrad Bible ချင်း တို့ အ ရှင် များ ထံ ပြန် ကြား စေ ၍၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် က၊ Judson Bible ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ |
ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။
ထို့နောက် ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးရှိရာသို့ ရောက်လာသော သံတမန်တို့မှတစ်ဆင့် ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တိုင်ရာဘုရင်၊ ဆီဒုန်ဘုရင်တို့ထံသို့ ကြိုးနှင့်ထမ်းပိုးတို့ကို ပေးပို့လော့။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဤလူမျိုးအပေါင်းတို့၏ပခုံးပေါ်၌ သံထမ်းပိုးကို ငါတင်ပြီ။ သူတို့သည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စင်စစ်အစေခံရမည်။ တောရိုင်းတိရစ္ဆာန်များကိုလည်း သူ့အား ငါပေးအပ်လေပြီ’ဟူ၍ မိန့်တော်မူကြောင်းဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။