အချင်းအတောင်တစ်ဆယ်ရှိ၍ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
ယေရမိ 27:19 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဤမြို့၌ကျန်ရစ်သော တိုင်များ၊ ရေကန်၊ တွန်းလှည်းများ၊ အခြားအသုံးဆောင်ပစ္စည်းများနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏။ Common Language Bible (ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ယောယကိမ်၏သားယုဒဘုရင်ယေခေါနိ အားလည်းကောင်း၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှဦးစီးခေါင်းဆောင်များအားလည်းကောင်း၊ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားစဉ်အခါကချန်ထားခဲ့သည့်ကြေးဝါ တိုင်ကြီးများ၊ ကြေးဝါရေကန်များနှင့်အောက် ခံခုံများ၊ အခြားဗိမာန်တော်ဘဏ္ဍာအချို့ တို့ကိုချန်ထားခဲ့လေသည်။ Garrad Bible အ သို့ ဆို သော်၊ ယော ယ ကိမ် မင်း သား တော်၊ ယု ဒ ဘု ရင် ယေ ခေါ နိ မင်း နှင့် တ ကွ၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ မှူး မတ် အ ပေါင်း တို့ ကို၊ ယေ ရု ရှ လင် မြို့ မှ ဗာ ဗု လုန် မြို့ သို့ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သွား သည့် ကာ လ၊ မ ပါ ဘဲ ဤ မြို့ တွင် ကျန် ရစ် သော တိုင်၊ ရေ ကန် အောက် ခံ များ မှ စ၍၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော်၊ ယု ဒ ဘု ရင် ၏ နန်း တော်၊ ယေ ရု ရှ လင် မြို့ တော် ၌ ကျန် ရစ် သေး သော အ သုံး အ ဆောင် များ ကို ရည် လျက်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် က၊ Judson Bible ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်ယောယကိမ်သား ယေခေါနိအစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော် အပေါင်းတို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောအခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသောတိုင်၊ ရေကန်၊ ရေကန်အခြေအမြစ်များ၊ ကျန်ကြွင်းသေးသောတန်ဆာများတို့ကိုရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ |
အချင်းအတောင်တစ်ဆယ်ရှိ၍ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
ထို့ပြင် ကြေးနီတွန်းလှည်းဆယ်ခုကိုလည်း သွန်းလုပ်၏။ တွန်းလှည်းတစ်ခုစီသည် အလျားလေးတောင်၊ အနံလေးတောင်၊ အမြင့်သုံးတောင်ရှိ၏။
ခါလဒဲစစ်သည်တို့သည် ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီတိုင်များ၊ ထာဝရဘုရား၏အိမ်တော်၌ရှိသောကြေးနီရေကန်နှင့်တွန်းလှည်း တို့ကိုချိုးဖဲ့၍ ကြေးနီရှိသမျှကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြ၏။
တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်ရှိပြီး တိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ ထိုတိုင်အုပ်သည်လည်း အမြင့်သုံးတောင်ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင်လည်း ကြေးနီအတိပြီးသောရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း ရာဇမတ်ကွက်များ ပါရှိ၏။
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။