သူတို့၏စကားကို နားမထောင်ကြနှင့်။ ဘေဘီလုံဘုရင်ကို အစေခံ၍ အသက်ရှင်ကြလော့။ အဘယ်ကြောင့် ဤမြို့သည် ပြိုပျက်ရာအရပ်ဖြစ်ရပါမည်နည်း။
သူတို့၏စကားကိုနားမထောင်ကြနှင့်။ ဗာ ဗုလုန်မင်း၏အစေကိုခံကြလော့။ သို့ပြု လျှင်သင်တို့အသက်ချမ်းသာရာရလိမ့်မည်။ ဤမြို့သည်အဘယ်ကြောင့်ယိုယွင်းပျက်စီး ၍သွားရပါမည်နည်း။-
နား မ ထောင် ဘဲ၊ အ သက် ချမ်း သာ ရ ရန်၊ ဗာ ဗု လုန် ဘု ရင် ၏ အ မှု ကို ထမ်း ကြ လော့။ ဤ မြို့ တော် သည် အ ဘယ့် ကြောင့် ဆိတ် ညံ ရာ ဖြစ် ရ အံ့ နည်း ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗုလုန်ရှင်ဘုရင်၏အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်နည်း။
ထိုအခါ ယေရမိက ဇေဒကိမင်းကြီးအား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ဘေဘီလုံဘုရင်၏တပ်မှူးတို့ထံသွား၍ အညံ့ခံလျှင် သင်အသက်ချမ်းသာရာရမည်။ ဤမြို့သည်လည်း မီးရှို့ခံရမည်မဟုတ်။ သင်နှင့် သင်၏အိမ်သူအိမ်သားတို့ အသက်ချမ်းသာရာရကြလိမ့်မည်။
သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။
ထာဝရဘုရားက ‘သင်တို့ကြောက်ရသော ဘေဘီလုံဘုရင်ကို သင်တို့မကြောက်ကြနှင့်။ သင်တို့နှင့်အတူ ငါရှိသည်ဖြစ်၍ ထိုဘုရင်လက်မှ သင်တို့ကို ငါရွေးနုတ်ကယ်တင်မည်။ သူ့ကို သင်တို့မကြောက်ကြနှင့်။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။