ငါတို့ပြည်၌ ဘုန်းအသရေတည်စေရန် ကိုယ်တော်၏ကယ်တင်ခြင်းသည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့၏အနီး၌ အမှန်ပင်ရှိလေပြီ။
ယေရမိ 23:35 - မြန်မာ့စံမီသမ္မာကျမ်း ‘ထာဝရဘုရား မည်သို့ပြန်ပြောတော်မူသနည်း။ ထာဝရဘုရား မည်သို့မိန့်မြွက်တော်မူသနည်း’ဟူ၍သာ အိမ်နီးချင်းအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း မေးမြန်းရမည်။ Common Language Bible သူသည်ထိုသို့ပြောဆိုမည့်အစား မိမိ၏ အသိမိတ်ဆွေများနှင့်ဆွေမျိုးညာတိတို့ အား`ထာဝရဘုရားအဘယ်သို့ဖြေကြား တော်မူပါသနည်း။ ကိုယ်တော်အဘယ်သို့ မိန့်တော်မူပါသနည်း' ဟူ၍မေးမြန်းရာ၏။- Garrad Bible လူ တိုင်း၊ ကိုယ့် စ ကား ကို ဝန် တင် ချက် လုပ် တတ် သည့် အ လျောက်၊ အ သက် ရှင် တော် မူ သော ဘု ရား၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ငါ တို့ ၏ ဘု ရား သ ခင် ဗျာ ဒိတ် တော် ချက် များ ကို၊ သင် တို့ မှောက် လှန် ကြ သော ကြောင့်၊ ထာ ဝ ရ ဘု ရား ၏ ဝန် တင် ချက် တော် ဟု နှုတ် မျှ မ သုံး ဘဲ၊ အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား၊ ထာ ဝ ရ ဘု ရား သည် မည် သို့ တုံ့ ပြန် တော် မူ သ နည်း။ မည် သို့ မိန့် မြွက် တော် မူ သ နည်း ဟူ ၍ သာ မေး အပ် ကြ ၏။ Judson Bible သင်တို့က၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်း ဟူ၍လည်းကောင်း၊ အဘယ်သို့ မိန့်တော်မူသနည်း ဟူ၍လည်းကောင်း၊ အိမ်နီးချင်း၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မေးမြန်းရမည်။ |
ငါတို့ပြည်၌ ဘုန်းအသရေတည်စေရန် ကိုယ်တော်၏ကယ်တင်ခြင်းသည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့၏အနီး၌ အမှန်ပင်ရှိလေပြီ။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
‘ငါ့ကိုခေါ်လော့။ ငါထူးမည်။ သင်မသိ နားမလည်နိုင်သော ကြီးမြတ်သောအရာ၊ ကွယ်ဝှက်ထားသောအရာတို့ကို သင့်အားပြောပြမည်’ဟု မိန့်တော်မူ၏။
ပရောဖက်ယေရမိကလည်း “ငါကြားပြီ။ သင်တို့တောင်းဆိုသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ငါဆုတောင်းပေးမည်။ ထာဝရဘုရားက သင်တို့အား မိန့်ဆိုသမျှတို့ကို တစ်ခုမကျန် သင်တို့အား ငါပြန်ဆင့်ဆိုမည်”ဟု ဆိုလေ၏။
သူတို့အသီးသီးသည် မိမိအမျိုးသားချင်းနှင့် မိမိညီအစ်ကိုချင်းအား ‘ထာဝရဘုရားကိုသိလော့’ဟု သင်ပေးရလိမ့်မည်မဟုတ်။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူအပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလိမ့်မည်။