ထာဝရဘုရားက “ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ ဤလူမျိုးထဲမှတစ်ယောက်ယောက်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု ပြောဆိုသောသူကို သူနှင့်အတူ သူ၏အိမ်သူအိမ်သားများကိုပါ ငါဒဏ်ခတ်မည်။
အကယ်၍ပရောဖက်သို့မဟုတ် ယဇ်ပုရောဟိတ် တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ လူတစ်ဦး တစ်ယောက်ကသော်လည်းကောင်း`ထာဝရဘုရား ၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကိုသုံးနှုန်း ပါမူ ငါသည်ထိုသူနှင့်သူ၏အိမ်ထောင်စု အားအပြစ်ဒဏ်ခတ်မည်။-
ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြောဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားကိုလည်းကောင်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ ငါသည် ဒဏ်ပေးမည်။
သူနှင့် သူ၏သားစဉ်မြေးဆက်၊ သူ၏အစေအပါးတို့ပြုသောဒုစရိုက်ကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ သူတို့နှင့်တကွ ဂျေရုဆလင်မြို့သား၊ ယုဒအမျိုးသားတို့အပေါ် ငါမိန့်ဆိုထားသည့်ဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေမည်ဖြစ်သော်လည်း သူတို့ဂရုမစိုက်ကြ”ဟု မိန့်တော်မူ၏။
သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။
နိနေဝေမြို့နှင့်ဆိုင်သောဗျာဒိတ်တော်၊ ဧလကောရှရွာသားနာဟုံခံရသောဗျာဒိတ်နိမိတ်ဆိုင်ရာမှတ်တမ်းကား ဤသို့တည်း။
တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။