မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ဂျေရုဆလင်တံခါးအပြင်ဘက်သို့ ဆွဲထုတ်၍ ပစ်ထားကြလိမ့်မည်။
မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။
ယေ ရု ရှ လင် မြို့ တံ ခါး ပြင် သို့ ဆွဲ ငင် ထုတ် ပစ် ခြင်း၊ မြည်း သေ ကောင် သ ဖွယ် သင်္ဂြိုလ် ခြင်း ကို ခံ ရ လ တ္တံ့ ဟု မိန့် တော် မူ ၏။
ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ယောယကိမ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ မယ်တော်ကား ရုမာမြို့သားပေဒါယ၏သမီး ဇေဗုဒအမည်ရှိ၏။
ယောယကိမ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယေဇဗေလကို သင်္ဂြိုဟ်ဖို့သွားကြသောအခါ ဦးခေါင်းခွံ၊ ခြေထောက်၊ လက်ဖဝါးတို့မှလွဲ၍ အခြားဘာမျှမရှိတော့ပေ။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
ထို့ကြောင့် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူ၏အမျိုးအနွယ်သည် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စံမြန်းခွင့်ရမည်မဟုတ်။ သူ၏အလောင်းကို နေ့အချိန်တွင် နေပူထဲ၌၊ ညအချိန်တွင် နှင်းတောထဲ၌ ပစ်ထားကြလိမ့်မည်။
ထို့ကြောင့် ငါ့နှုတ်မှခေါ်ပေး၍ စာလိပ်ထဲ၌သင်ရေးထားခဲ့သည့် ထာဝရဘုရား၏စကားတော်များကို အစာရှောင်မည့်နေ့တွင် သင်သွား၍ ထာဝရဘုရား၏အိမ်တော်ရှိလူတို့ကြားသိစေရန် ဖတ်ပြရမည်။ ထို့ပြင် ကိုယ့်မြို့အသီးသီးမှရောက်လာကြသော ယုဒလူမျိုးအားလုံးတို့ ကြားသိစေရန် ဖတ်ပြရမည်။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဝန်းကျင်ရှိတိုင်းနိုင်ငံများမှ လူမျိုးတို့သည် သူ့ကိုလာတိုက်ခိုက်ကြ၏။ သူ့ကိုပိုက်ကွန်နှင့်အုပ်၏။ သူသည် ထောင်ချောက်တွင်းထဲသို့ ကျလေပြီ။
ငါမိန့်ဆိုထားသည့်အတိုင်း သင်သည် ကွင်းပြင်တွင် လဲကျသေဆုံးရလိမ့်မည်’ဟု မိန့်တော်မူ၏။