ယေရမိ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ Common Language Bible ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ Garrad Bible နီ လ မြစ် ရေ ကို သောက် လို၍ အိ ဂျစ် ပြည် လမ်း နှင့် သော် လည်း ကောင်း၊ ဥ ဖ ရတ် မြစ် ရေ ကို သောက် လို ၍ အာရှု ရိ ပြည် လမ်း နှင့် သော် လည်း ကောင်း၊ မည် သို့ ဆိုင် တော့ သ နည်း။ Judson Bible ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက်အံ့သောငှာ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှာ၊ အာရှုရိလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ |
ပင်လယ်လမ်းမှဝင်ရောက်လာသော ရှိဟောရမြစ်၏မျိုးစေ့၊ နိုင်းမြစ်၏အသီးအနှံသည် တိုင်ရာမြို့အတွက် အမြတ်အစွန်းဖြစ်၏။ ထိုမြို့သည် တိုင်းနိုင်ငံတို့ကူသန်းရောင်းဝယ်ရာအရပ်ဖြစ်၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် ယူဖရေးတီးမြစ်တစ်ဖက်မှ အဆီးရီးယားဘုရင်တည်းဟူသော သင်တုန်းဓားကိုငှား၍ ခေါင်းနှင့်ခြေမွေးကို ရိတ်တော်မူလိမ့်မည်။ မုတ်ဆိတ်ကိုလည်း သုတ်သင်တော်မူလိမ့်မည်။
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
အို ဖောက်ပြန်သောသမီးပျို၊ မည်သည့်အချိန်အထိ လှည့်လည်နေမည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်တွင် အသစ်သောအရာကို ဖန်ဆင်းတော်မူပြီ။ မိန်းမသည် ယောက်ျားကို ဝိုင်းရံလိမ့်မည်။
ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။
အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။
သင်သည် မရောင့်ရဲနိုင်ဘဲ အဆီးရီးယားပြည်သားတို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုသို့ သူတို့နှင့်ဖောက်ပြန်မှားယွင်းသည့်တိုင် သင်သည် အားရကျေနပ်ခြင်းမရှိ။
ထိုအခါ ယုဒဘုရင်သည် ဘေဘီလုံဘုရင်ကို ပုန်ကန်ရန် အီဂျစ်ပြည်သို့ တမန်ကိုစေလွှတ်၍ မြင်းနှင့်စစ်သည်အမြောက်အမြားကို စစ်ကူတောင်း၏။ သူ့အကြံ အထမြောက်မည်လော။ ဤသို့ပြုခြင်းဖြင့် သူသည် ဘေးလွတ်မည်လော။ ပဋိညာဉ်ကို ချိုးဖောက်ပြီးမှ သူသည် ဘေးလွတ်မည်လော’ဟု ဆင့်ဆိုလော့။
လူမျိုးတကာတို့နှင့်ဖောက်ပြန်မှားယွင်းပြီး သူတို့၏ရုပ်တုများဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေသောကြောင့် သင့်ကို ဤသို့ငါစီရင်မည်။
ဧဖရိမ်သည် မိမိရောဂါကို မြင်၍ ယုဒသည်လည်း မိမိဒဏ်ရာကို မြင်သောအခါ ဧဖရိမ်သည် အဆီးရီးယားသို့ သွား၏။ ယာရက်မင်းကြီးထံသို့ လူလွှတ်၏။ သို့သော် ထိုဘုရင်သည် သင်တို့ကို မကျန်းမာစေနိုင်၊ မကုသပေးနိုင်။
ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်