သို့ဖြစ်၍ ထာဝရဘုရားက ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဗင်ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက် ရောက်လာလိမ့်မည်။
သို့ဖြစ်၍ဤအရပ်သည်တောဖက်ဟူ၍မခေါ်၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ ၍ခေါ်ရမည့်အချိန်ကျရောက်လာလိမ့်မည် ကို သတိပြုကြလော့ဟုထာဝရဘုရား မိန့်တော်မူ၏။-
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဤ အ ရပ် ဒေ သ ကို တော ဖက် အ ရပ် ဟူ၍လည်း ကောင်း၊ ဟိ န္နုံ ချိုင့် ဟူ၍လည်း ကောင်း၊ နောင် မ ခေါ် ရ ဘဲ၊ လုပ် ကြံ ရာ ချိုင့် ဟု ခေါ် ဝေါ် သော နေ့ ရက် ကာ လ ရောက် တော့ မည်။
သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည်ရောက်လိမ့်မည်။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
သူတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အိုးထိန်းသည် ပြန်ဆက်စပ်၍မရနိုင်အောင် မြေအိုးကိုခွဲသကဲ့သို့ ဤလူမျိုးနှင့်ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် သူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်ဟု မိန့်တော်မူပြီ။
အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။