အိုးထိန်းသည်သည် ရွှံ့စေးဖြင့် အိုးတစ်လုံးကိုပြုလုပ်ရာ ပုံပျက်သွားသဖြင့် အခြားအိုးတစ်လုံးကို သူနှစ်သက်သောပုံဖြင့် တစ်ဖန်ပြုလုပ်လေ၏။
သူသည်မိမိပြုလုပ်လျက်ရှိသည့်အိုးမြေ တွင်အပြစ်အနာအဆာကိုတွေ့သောအခါ ထိုအိုးမြေကိုယူ၍အခြားအရာဝတ္ထု တစ်ခုအဖြစ်သို့ပြောင်းလဲပြုလုပ်လိုက် လေသည်။
မြေ စေး ဖြင့် လုပ် သော အိုး သည်၊ လက် အောက် တွင် ပုံ မ ကျ မည် ဖြစ် လျှင်၊ ကိုယ့် သ ဘော အ တိုင်း အ ခြား သော အိုး ပုံ ချ ၍ လုပ် သည် ကို ငါ တွေ့ ၏။
အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက်အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။
မိမိကို ပုံဖော်ဖန်ဆင်းသောအရှင်အား ရန်တွေ့သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မြေအိုးကွဲများထဲမှ အိုးကွဲတစ်ခုသာဖြစ်၏။ အိုးမြေက မိမိကိုပုံသွင်းသောသူအား ‘မည်သည့်အရာကို သင်ပြုလုပ်နေသနည်း။ သင်ပြုလုပ်ထားသောအရာ၌ လက်မရှိပါလား’ဟု ဆိုရမည်လော။
ငါသည်လည်း အိုးထိန်းသည်အိမ်သို့သွား၍ ရောက်သောအခါ သူသည် အိုးထိန်းစက်နှင့် အလုပ်လုပ်နေသည်ကို တွေ့ရ၏။
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၏။
ထာဝရဘုရားက “အို အစ္စရေးအမျိုးအနွယ်တို့၊ အိုးထိန်းသည် ပြုသကဲ့သို့ သင်တို့ကို ငါပြုနိုင်သည်မဟုတ်လော။ ကြည့်ရှုလော့။ ရွှံ့စေးသည် အိုးထိန်းသည်လက်၌ရှိသကဲ့သို့ အစ္စရေးအမျိုးအနွယ်တို့သည် ငါ့လက်၌ရှိ၏။