မာနထောင်လွှားသောသူတို့သည် ကိုယ်တော်၏တရားတော်နှင့်အညီ လိုက်လျှောက်ခြင်းမရှိဘဲ အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကိုတူးကြပါပြီ။
ယေရမိ 18:22 - မြန်မာ့စံမီသမ္မာကျမ်း ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။ Common Language Bible သူတို့၏အိမ်ရာများကိုတိုက်ခိုက်လုယက် ရန်ရုန်းရင်းဆန်ခတ်လူအုပ်အားအမှတ်မ ထင်စေလွှတ်တော်မူပါ။ သူတို့သည်ကြောက် လန့်တုန်လှုပ်လျက်ဟစ်အော်ရကြပါစေ သော။ သူတို့သည်ကျွန်တော်မျိုးလိမ့်ကျစေ ရန်တွင်းကိုတူးကြပါပြီ။ ကျွန်ုပ်အတွက် ထောင်ချောက်ကိုဆင်ကြပါပြီ။- Garrad Bible တပ် တစ် တပ် ကို ရှောင် တ ခင် ချဉ်း ဝင် စေ တော် မူ သည့် ကာ လ၊ ချင်း တို့ အိမ် များ မှ အော် ဟစ် သံ ကြား ရ ပါ စေ သော။ ထို သူ တို့ သည် အ ကျွန်ုပ် ကို ဖမ်း ဆီး ရန် တွင်း တူး၍၊ ခြေ ကို မိ ရန် ကျော့ ကွင်း ကို ဝှက် ထား ကြ လေ ပြီ။ Judson Bible စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ချင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှာ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ |
မာနထောင်လွှားသောသူတို့သည် ကိုယ်တော်၏တရားတော်နှင့်အညီ လိုက်လျှောက်ခြင်းမရှိဘဲ အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကိုတူးကြပါပြီ။
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
“ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု ထာဝရဘုရားအား အကျွန်ုပ်လျှောက်ထားပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်အသနားခံသောအသံကို စူးစိုက်နားထောင်တော်မူပါ။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။
အို ဂလ္လိမ်မြို့သမီးပျို၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ အာရုံစိုက်နားထောင်လော့။ အို အာနသုတ်မြို့၊ သနားစရာကောင်းလှပါတကား။
အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
ထာဝရဘုရား မနှမြောဘဲ ဖျက်ဆီးပစ်သောမြို့များကဲ့သို့ ထိုသူဖြစ်ပါစေ။ နံနက်အချိန်၌ အော်ဟစ်သံ၊ မွန်းတည့်အချိန်၌ အချက်ပေးသံတို့ကို ကြားရပါစေ။
သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
‘ငါ့လူမျိုးတော်တွင် ဆိုးယုတ်သောသူများကို တွေ့ရ၏။ သူတို့သည် ဝပ်လျက်ချောင်းမြောင်းနေသောငှက်မုဆိုးကဲ့သို့ ချောင်းမြောင်းတတ်ကြ၏။ လူတို့ကိုဖမ်းဆီးရန် ထောင်ချောက်ဆင်တတ်ကြ၏။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
မြင့်သောမျှော်စင်ကြီးများ၊ ခိုင်ခံ့သောမြို့များကို ဆန့်ကျင်၍ တံပိုးမှုတ်ကြွေးကြော်သောနေ့ ဖြစ်လိမ့်မည်။
ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။