ထိုသို့သောအားဖြင့် သင်၏ခြေသည် ရန်သူတို့၏သွေးကိုနင်းနယ်နိုင်၍ သင့်ခွေးတို့၏လျှာသည်လည်း မိမိခွဲတမ်းကို သူတို့ထံမှရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရမိ 15:3 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။ Common Language Bible သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။- Garrad Bible ယေ ရု ရှ လင် မြို့ ၌ ဟေ ဇ ကိ မင်း ၏ သား ယု ဒ ဘု ရင် မ နာ ရှေ ပြု ခဲ့ သော ပြစ် မှု အ တွက် ကြောင့်၊ လုပ် ကြံ ရန် ဓား၊ ဆွဲ ငင် ရန် ခွေး၊ ကိုက် စား ရန် လေ သ တ္တ ဝါ၊ သတ် ဖြတ် ရန် မြေ သ တ္တ ဝါ၊ ထို ဘေး လေး မျိုး ကို၊ ချင်း တို့ အ ဖို့ ငါ စီ ရင် လျက်၊ မြေ ပေါ် ရှိ တိုင်း နိုင် ငံ အ ရပ် ရပ် တွင်၊ ထိတ် လန့် ဖွယ် ထား မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible သူတို့ကို သတ်ရသောဓား၊ ဆွဲဖြတ်ရသောခွေး၊ ကိုက်စားရသောမိုးကောင်းကင်ငှက်နှင့် သားရဲတည်းဟူသော ရန်သူလေးမျိုးကို သူတို့တစ်ဖက်၌ ငါခန့်ထားမည်။ |
ထိုသို့သောအားဖြင့် သင်၏ခြေသည် ရန်သူတို့၏သွေးကိုနင်းနယ်နိုင်၍ သင့်ခွေးတို့၏လျှာသည်လည်း မိမိခွဲတမ်းကို သူတို့ထံမှရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့အားလုံးကို တောင်ပေါ်မှာနေသော အသားစားငှက်၊ မြေကြီးပေါ်မှာနေသော တိရစ္ဆာန်တို့အတွက် စွန့်ပစ်ထားမည်။ အသားစားငှက်တို့သည် နွေကာလတစ်လျှောက်လုံး၊ မြေကြီးတိရစ္ဆာန်အပေါင်းတို့သည် ဆောင်းကာလတစ်လျှောက်လုံး အသေကောင်ကို စားကြလိမ့်မည်။
ငါ့အမွေသည် အရောင်အသွေးစုံသောသိမ်းငှက်နှင့်တူ၏။ အခြားသိမ်းငှက်တို့သည် ငါ့အမွေကို ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ တောရိုင်းတိရစ္ဆာန်အပေါင်းတို့၊ စုဝေး၍လာကြ။ ဝါးမျိုရန်လာကြ။
သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဤလူမျိုးအသေကောင်တို့ကို မိုးကောင်းကင်ရှိငှက်များ၊ မြေကြီးပေါ်ရှိတိရစ္ဆာန်များသည် ခြောက်လှန့်မည့်သူမရှိဘဲ စားကြလိမ့်မည်။
ငါ့ကို လမ်းလွဲစေ၍ အပိုင်းပိုင်းဆွဲဖြတ်တော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
ငါသည် သင်တို့အား ဤသို့ပြုမည်။ မျက်စိကွယ်စေ၍ စိတ်အားလျော့စေသော အဆုတ်ရောဂါ၊ အဖျားရောဂါတည်းဟူသော ထိတ်လန့်ဖွယ်သောအရာကို သင်တို့အပေါ် သက်ရောက်စေမည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏အသီးအနှံတို့ကို စားပစ်မည်ဖြစ်သောကြောင့် သင်တို့ကြဲသောမျိုးစေ့သည် အချည်းနှီးဖြစ်လိမ့်မည်။
ငါသည် သင်တို့ထဲသို့ တောရိုင်းတိရစ္ဆာန်ကို ဝင်ရောက်စေသဖြင့် ထိုတိရစ္ဆာန်သည် သင်တို့၏သားသမီးကို ကိုက်သတ်၍ သင်တို့၏တိရစ္ဆာန်ကို ဖျက်ဆီးလိမ့်မည်။ သင်တို့ကို လျော့နည်းစေ၍ သင်တို့၏လမ်းများသည် လူသူကင်းမဲ့လိမ့်မည်။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
သင်၏အလောင်းသည် မိုးကောင်းကင်ငှက်အမျိုးမျိုး၊ မြေတိရစ္ဆာန်အမျိုးမျိုးတို့၏အစာ ဖြစ်ရလိမ့်မည်။ ထိုအကောင်တို့ကို နှင်ထုတ်မည့်သူမရှိ။
သူတို့သည် ငတ်မွတ်ခေါင်းပါး၍ပိန်ချုံးသွားမည်။ ပူလောင်ခြင်း၊ ဆိုးရွားသောဘေးဥပဒ်တို့၏ဝါးမျိုခြင်းခံရမည်။ သားရဲအစွယ်၊ မြေပေါ်တွားသွားသောသတ္တဝါအဆိပ်ကို သူတို့ထံ ငါစေလွှတ်မည်။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။