ယေရမိ 13:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ငါသည် ယူဖရေးတီးမြစ်ရှိရာသို့သွား၍ ထိုခါးပတ်ကို ဝှက်ထားလေ၏။ Common Language Bible သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်အနီးသို့ သွား၍ ထိုခါးဝတ်ကိုဝှက်ထားလိုက်၏။- Garrad Bible ငါ သွား၍ ထို မြစ် အ နီး မြှုပ် ထား လေ ၏။ Judson Bible မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။ |
နေ့ရက်များစွာလွန်ပြီးမှ ထာဝရဘုရားက “ယူဖရေးတီးမြစ်ရှိရာသို့ သင်ထသွားလော့။ ငါမိန့်မှာထား၍ ထိုနေရာတွင်သင်ဝှက်ထားသော ခါးပတ်ကို ယူခဲ့လော့”ဟု ငါ့အား မိန့်တော်မူ၏။
ငါ့ကို မိန့်မှာတော်မူသည့်အတိုင်း ငါသည် ပရောဖက်ပြုဟောပြော၏။ ပရောဖက်ပြုဟောပြောနေစဉ် အသံတစ်ခုကြားရ၏။ အရိုးတို့ လှုပ်ရှားလာပြီး အရိုးအရိုးချင်း ဆက်မိသွားသည်ကို ငါတွေ့ရ၏။
အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။