ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍ ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။
ယေရမိ 13:4 - မြန်မာ့စံမီသမ္မာကျမ်း “သင်ဝယ်၍ ခါး၌စည်းထားသောခါးပတ်ကိုယူပြီး ယူဖရေးတီးမြစ်ရှိရာသို့ ထသွားလော့။ ထိုနေရာရှိ ကျောက်တုံးကြားတွင် ဝှက်ထားလော့”ဟု မိန့်တော်မူ၏။ Common Language Bible ``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။- Judson Bible သင်သည် ခါး၌စည်းသော ခါးပန်းကိုယူပြီးလျှင်၊ ဥဖရတ်မြစ်သို့ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထားလော့ဟု၊ |
ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍ ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။
အို ဇိအုန်သမီးပျို၊ သားဖွားမိန်းမကဲ့သို့ ဝေဒနာကို အလူးအလိမ့်ခံစားလော့။ အကြောင်းမူကား သင်သည် မြို့မှထွက်၍ ကွင်းပြင်၌နေရလိမ့်မည်။ ထို့နောက် ဘေဘီလုံပြည်သို့ ပါသွားရလိမ့်မည်။ သို့သော် ထာဝရဘုရားသည် ထိုပြည်တွင် သင့်ကို ရန်သူတို့လက်မှ ရွေးနုတ်ကယ်တင်တော်မူမည်။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။