တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့
ယေရမိ 13:1 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ချည်ချောခါးပတ်တစ်ခုကို သွားဝယ်ပြီးလျှင် သင့်ခါး၌စည်းလော့။ ရေမစိမ်နှင့်”ဟု ငါ့အားမိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။- Garrad Bible တစ် ဖန်၊ ထာ ဝ ရ ဘု ရား က၊ ပိတ် ခါး ဝတ် ကို သွား ဝယ်၍၊ ရေ မ ချ ဘဲ ခါး စည်း လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible တစ်ဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်းကိုသွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊ |
တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့
တစ်ဖန် ထာဝရဘုရားက “လူသည် ခါး၌ခါးပတ်ကို စည်းထားသကဲ့သို့ အစ္စရေးအမျိုးအနွယ်နှင့် ယုဒအမျိုးအနွယ်အပေါင်းတို့ကို ငါ့လူမျိုးတော်၊ ငါ့နာမတော်၊ ငါ့ဘုန်းတော်၊ ငါ့ဂုဏ်တော်အဖြစ် ငါ့ခါး၌စည်းထားသော်လည်း သူတို့သည် ငါ့စကားကို နားမထောင်ကြ”ဟု မိန့်တော်မူ၏။
“ထ၍ အိုးထိန်းသည်အိမ်သို့ သွားလော့။ ထိုအိမ်၌ သင်သည် ငါ၏နှုတ်ကပတ်တော်ကို ကြားရမည်”ဟူ၍ ဖြစ်၏။
ထာဝရဘုရားက “အိုးထိန်းသည်ထံသွား၍ မြေအိုးကိုဝယ်ယူပြီးလျှင် သက်ကြီးဝါကြီးလူအချို့၊ သက်ကြီးဝါကြီးယဇ်ပုရောဟိတ်အချို့တို့နှင့်အတူ
ထာဝရဘုရားက “ကြိုးများ၊ ထမ်းပိုးများကိုပြုလုပ်ပြီး သင်၏ပခုံးပေါ် တင်လော့။
“ယုဒအမျိုးသားတို့မျက်စိရှေ့တွင် ကျောက်တုံးကြီးတို့ကိုယူ၍ တာပနက်မြို့ရှိ ဖာရောမင်းကြီး၏နန်းတော်အဝင်ဝ အုတ်ဖိုမြေ၌ မြှုပ်ထားရမည်။
ထိုသူသည် ငါတို့ထံလာ၍ ပေါလု၏ခါးပန်းကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကို ချည်နှောင်ကာ “ဂျူးလူမျိုးတို့သည် ဤခါးပန်းပိုင်ရှင်ကို ဂျေရုဆလင်မြို့တွင် ဤကဲ့သို့ချည်နှောင်၍ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူ၏”ဟု ဆိုလေ၏။
ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။