မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ယေရမိ 1:6 - မြန်မာ့စံမီသမ္မာကျမ်း ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။ Common Language Bible ငါက``အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး သည်အသက်အရွယ်ငယ်လွန်းသည်ဖြစ်၍ အဘယ်သို့ဟောပြောရမည်ကိုမသိပါ'' ဟုလျှောက်ထား၏။ Garrad Bible အို အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ငယ် ရွယ် သူ ဖြစ် ပါ၍ မ ဟော တတ် ပါ ဟု ငါ ပြန် လျှောက် လျှင်၊ Judson Bible ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏ဟု လျှောက်လျှင်၊ |
မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
မောရှေက “အစ္စရေးအမျိုးသားများပင် အကျွန်ုပ်စကားကိုနားမထောင်လျှင် ဖာရောမင်းကြီးသည် နှုတ်လေးသောသူ အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ ပြန်လျှောက်လေ၏။
မောရှေက “အကျွန်ုပ်သည် နှုတ်လေးသောသူဖြစ်၍ ဖာရောမင်းကြီးသည် အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ပြန်လျှောက်၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ ပရောဖက်တို့က ‘သင်တို့သည် ဓားဘေးနှင့်ကြုံရမည်မဟုတ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် သင်တို့ထံရောက်လာမည်မဟုတ်။ ဤအရပ်၌ သင်တို့အား စစ်မှန်သောငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ သူတို့အား ဆင့်ဆိုကြပါသည်”ဟု လျှောက်ဆို၏။
‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်အတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုမျှမရှိပေ။
ပရောဖက်ယေရမိကလည်း ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးအား ဤစကားအလုံးစုံကို ဆင့်ဆိုလေ၏။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ဓားသည် လည်မျိုကိုထောက်နေလျက်ပင် ‘သင်တို့တွင် ငြိမ်သက်ခြင်းရှိလိမ့်မည်’ဟု ကိုယ်တော်မိန့်တော်မူသည်မှာ ဂျေရုဆလင်မြို့သားနှင့်တကွ ဤလူမျိုးတို့ကို အမှန်လှည့်စားခြင်းဖြစ်ပါပြီတကား”ဟု လျှောက်ဆို၏။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
“ထိုလုလင်နောက်သို့ ပြေးသွား၍ ‘ဂျေရုဆလင်မြို့တွင် နေထိုင်သောလူနှင့် တိရစ္ဆာန်တို့သည် အလွန်များပြားလွန်းသဖြင့် ထိုမြို့သည် မြို့ရိုးမရှိသောမြို့ကဲ့သို့ ဖြစ်လိမ့်မည်။