အနံအတောင်နှစ်သောင်းငါးထောင်မြေကွက်မှ ကျန်အတောင်ငါးထောင်မြေကွက်သည် အများပိုင် မြို့မြေ၊ အိမ်မြေ၊ စားကျက်မြေဖြစ်ရမည်။ မြေအလယ်ဗဟိုတွင် မြို့ရှိရမည်။
အလျားရှစ်မိုင်၊ အနံနှစ်မိုင်ရှိသောကျန်မြေကွက်သည်သန့်ရှင်းမြင့်မြတ်သည့်မြေမဟုတ်။ လူတို့အထွေထွေအသုံးပြုရန်အတွက်ဖြစ်၏။ သူတို့သည်ထိုအရပ်တွင်နေထိုင်ကာထိုမြေကိုအသုံးချနိုင်ကြ၏။ ဤမြေ၏အလယ်တွင်မြို့ကိုတည်ဆောက်ရမည်။-
ထို အ တောင် နှစ် သောင်း ငါး ထောင်။ အ စပ်၌ ကျန် သေး သော၊ သင်္ဃိ က ဆိုင် ရာ အ တောင် ငါးထောင် ကို ကား။ မ သီး သန့် ရ ဘဲ မြို့ တည် ရာ၊ လူ နေ ရာ၊ မြေ လပ် ထား ရာ အ ရပ် များ ကို ဖြစ် စေ။ အ လယ် တွင် တည် သော မြို့ တော်။
နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေးသော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည်စရာဖို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
သူသည် လေးဖက်စလုံးကိုတိုင်း၏။ ပတ်ပတ်လည်တံတိုင်းကာထား၍ အလျားကျူချောင်းအပြန်ငါးရာ၊ အနံကျူချောင်းအပြန်ငါးရာရှိ၏။ ထိုတံတိုင်းသည် သန့်ရှင်းသောနေရာနှင့် မသန့်ရှင်းသောနေရာကို ခြားထားပေး၏။
ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။