ရှင်ဘုရင်က သူ့ထံအခစားဝင်နေသောဗိုလ်ချုပ်ယွာဘအား “အစ္စရေးအမျိုးအနွယ်အားလုံး၏အရေအတွက်ကို ငါသိရအောင် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင်သွားပြီး စာရင်းယူလော့”ဟု မိန့်ဆို၏။
ယေဇကျေလ 48:1 - မြန်မာ့စံမီသမ္မာကျမ်း “မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။ Common Language Bible မြေယာ၏မြောက်ဘက်ရှိနယ်နိမိတ်မှာမြေထဲပင်လယ်မှ အရှေ့ဘက်ရှိဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်းနှင့်ဟာဇရေနန်မြို့၊ ထိုမှတစ်ဆင့်ဒမာသက်ပြည်နှင့်ဟာမတ်ပြည်နယ်ခြားအထိဖြစ်၏။ လူမျိုးအနွယ်တစ်နွယ်လျှင်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိနယ်မြေတစ်ခုကျစီ၊ မြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိစေရမည်။ ဒန် အာရှာ နဿလိ မနာရှေ ဧဖရိမ် ရုဗင် ယုဒ Garrad Bible အ နွယ် တို့ အ မည် ကား။ ဒန် သည် မြောက် ဘက်၌၊ ဟာ မတ် ပြည် နယ် စွန်း နှင့် ဟေ သ လုန် လမ်း တ ရှောက်။ ဟာ မတ် မြို့ လမ်း ဝ နှင့်၊ ဒ မာ သက် ပြည် နယ် စွန်း ရှိ ဟာ ဇ ရေ နန် မြို့ အ ထိ၊ အ ရှေ့ ဘက် အ နောက် ဘက် တိုင် အောင်၊ မြောက် ဝေ ပုံ တ စု။ Judson Bible ဣသရေလအမျိုး ခရိုင်စုအမည်ကား၊ မြောက်ဘက်၌ ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက်၊ ဟာမတ်မြို့နယ် တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်လည်းကောင်း ဒန်ခရိုင်ရှိရမည်။ |
ရှင်ဘုရင်က သူ့ထံအခစားဝင်နေသောဗိုလ်ချုပ်ယွာဘအား “အစ္စရေးအမျိုးအနွယ်အားလုံး၏အရေအတွက်ကို ငါသိရအောင် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင်သွားပြီး စာရင်းယူလော့”ဟု မိန့်ဆို၏။
ဘုရားရှင်ထာဝရဘုရားက “ဤသည်ကား အစ္စရေးအမျိုးအနွယ် တစ်ဆယ့်နှစ်နွယ်အတွက် သင်တို့ခွဲဝေကြရမည့် အမွေမြေနယ်နိမိတ်ဖြစ်၏။ ယောသပ်သည် ဝေစုနှစ်စု ရရမည်။
အနောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှ လီဘိုဟာမတ်မျက်နှာမူရာအရပ်နယ်နိမိတ်အထိ ဖြစ်၏။ ဤသည်ကား အနောက်ဘက်နယ်နိမိတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
တိုင်းတစ်ပါးသားတို့သည် မည်သည့်အစ္စရေးအမျိုးအနွယ်တွင် နေထိုင်သည်ဖြစ်စေ သူတို့နေထိုင်ရာအရပ်၌ သူတို့ကို အမွေမြေခွဲဝေပေးရမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။