နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာနှင့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ပါဝင်သော ဘောဇဉ်ပူဇော်သက္ကာကို စီစဉ်ပေးရမည်။
ယေဇကျေလ 46:7 - မြန်မာ့စံမီသမ္မာကျမ်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကို စီစဉ်ပေးရမည်။ Garrad Bible ဘော ဇဉ် သ က္ကာ အ ဖြစ်၊ တစ် တင်း လျှင် ဆီ လေး ပိဿာ စီ ပါ၊ နွား ပေါက်၊ သိုး ထီး ဆိုင် ရာ မုန့် ညက် တစ် တင်း စီ၊ သိုး သား ငယ် များ ဆိုင် ရာ၊ ထိုက် သင့် သော မုန့် ညက် များ တည်း။ Judson Bible ဘောဇဉ်ပူဇော်သကာဖို့ နွားတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ သိုးတစ်ကောင်နှင့် တစ်ဧဖာ၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် ဆီတစ်ဟိန်ကိုလည်းကောင်း ပူဇော်ရမည်။ |
နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာနှင့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ပါဝင်သော ဘောဇဉ်ပူဇော်သက္ကာကို စီစဉ်ပေးရမည်။
ပွဲတော်အချိန်၊ တွေ့ဆုံစည်းဝေးရသောအချိန်တို့တွင် ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် အကောင်းဆုံးဂျုံမှုန့်တတ်နိုင်သလောက်၊ ဂျုံမှုန့်တစ်ဧဖာစီအတွက် ဆီတစ်ဟိန်စီ စီစဉ်ပေးရမည်။
ဘောဇဉ်ပူဇော်သက္ကာအဖြစ် သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်ခြောက်ကောင်အတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကိုလည်း ယူဆောင်လာရမည်။
သူသည် ဆင်းရဲသောသူဖြစ်၍ မတတ်နိုင်လျှင် မိမိအဖို့ အပြစ်ဖြေလွှတ်ခြင်းအတွက် ချီလွှဲရမည့်အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သိုးသငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်းကောင်း၊ ဆီတစ်လောဃကိုလည်းကောင်း၊
လဆန်းတစ်ရက်နေ့တိုင်း အပြစ်အနာအဆာကင်းသည့် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကောင်းချီးမင်္ဂလာပေးတော်မူသည်နှင့်အညီ အသီးသီးတတ်နိုင်သည့်အတိုင်း ပူဇော်သက္ကာယူဆောင်လာရမည်။