ထိုသူက ငါ့အား “ဤနေရာသည် လူတို့ပေးလှူသောယဇ်ကောင်ကို အိမ်တော်အမှုထမ်းတို့ ချက်ပြုတ်ပေးရသော မီးဖိုဆောင်ဖြစ်၏”ဟု ပြောပြ၏။
ထိုလူက``ဤမီးဖိုတို့ကား လူတို့ပူဇော်သည့် ယဇ်ကောင်များကိုဗိမာန်တော်အစေခံတို့ ပြုတ်သည့်မီးဖိုများဖြစ်၏'' ဟုငါ့အား ပြောပြ၏။
လူ ပ ရိ သတ် ပူ ဇော် သ က္ကာ များ ကို၊ ဗိ မာန် တော် ကံ ကျွေး တို့ ချက် ပြုတ် ကြ ရ သော မီး ဖို များ တည်း ဟု ဆို ၏။
ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သောယဇ်ကောင်တို့ကို ပြုတ်ရသောအရပ်ဖြစ်ကြသည်ဟု ငါ့အားပြောဆို၏။
သူတို့သည် ငါ၏သန့်ရှင်းရာဌာနတော်တွင် အိမ်တော်တံခါးစောင့်များ၊ အိမ်တော်အမှုကိုဆောင်ရွက်သူများ စသော အမှုထမ်းများဖြစ်ရမည်။ သူတို့သည် လူတို့အဖို့ မီးရှို့ရာယဇ်ကောင်ကိုသတ်၍ ပူဇော်ပေးရမည်။ လူတို့ရှေ့တွင်ရပ်၍ သူတို့၏အမှုကို ဆောင်ရွက်ပေးရမည်။
တစ်ဖန် အိမ်တော်ကိုထိန်းသိမ်းဖို့၊ အိမ်တော်အမှုကို ထမ်းဆောင်ဖို့နှင့် အိမ်တော်နှင့်ပတ်သက်၍ လုပ်ဆောင်စရာအမှုအလုံးစုံတို့ကို လုပ်ဆောင်ဖို့ သူတို့ကို ငါပြန်ခန့်ထားမည်’ဟု မိန့်တော်မူ၏။
ထိုသူက ငါ့အား “ဤနေရာသည် ယဇ်ပုရောဟိတ်တို့က အပြစ်ဒဏ်ဖြေရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို ပြုတ်ရသောနေရာ၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရာနေရာဖြစ်၏။ လူတို့ထံ သန့်ရှင်းခြင်းကူးမသွားစေရန် ထိုယဇ်တို့ကို အပြင်ဝင်းသို့ ယူဆောင်မသွားရ”ဟု ဆို၏။
ထိုဝင်းငယ်လေးခု၏အတွင်းဘက်ပတ်ပတ်လည်တွင် စင်ရှိ၏။ ထိုစင်အောက်ပတ်ပတ်လည်တွင် မီးဖိုဆောက်ထား၏။
ထိုသူသည် ငါ့အား အိမ်တော်ဝင်ပေါက်သို့ ပြန်လည်ခေါ်ဆောင်လာရာ အိမ်တော်တံခါးခုံအောက်မှ အိမ်တော်မျက်နှာမူရာအရှေ့ဘက်သို့ ရေစီးထွက်သွားသည်ကို တွေ့ရ၏။ ထိုရေတို့သည် အိမ်တော်လက်ယာဘက်အောက်၊ ယဇ်ပလ္လင်တော်တောင်ဘက်မှ စီးဆင်းသွား၏။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။