ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံ ဖော်ထား၏။ ရေ ဗတ်နှစ်ထောင် ဆံ့၏။
ယေဇကျေလ 45:14 - မြန်မာ့စံမီသမ္မာကျမ်း ဆီပေးလှူရာတွင် ဗတ်နှင့်ချိန်တွယ်ရမည်ဟု သတ်မှတ်ထား၏။ တစ်ကောရတွင် ဗတ်၏ဆယ်ပုံတစ်ပုံ ပေးလှူရမည်။ တစ်ကောရသည် တစ်ဟောမဲနှင့်ညီ၍ဗတ်တစ်ဆယ်ဖြစ်၏။ တစ်ဟောမဲသည် ဗတ်တစ်ဆယ်ဖြစ်၏။ Judson Bible ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တစ်ကောရတွင် ဗတ်ဆယ်စုတစ်စုကို ပူဇော်ရမည်။ တစ်ဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တစ်ကောရသည် ဆယ်ဗတ်ဖြစ်သတည်း။ |
ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံ ဖော်ထား၏။ ရေ ဗတ်နှစ်ထောင် ဆံ့၏။
ငွေတာလန် တစ်ရာ၊ ဂျုံကောရ တစ်ရာ၊ စပျစ်ဝိုင် ဗတ်တစ်ရာ၊ ဆီ ဗတ်တစ်ရာ၊ ဆားအလိုရှိသမျှတို့ကို ဖြည့်ဆည်းပေးရမည်။
သင်တို့ ပေးလှူရမည့် အလှူပစ္စည်းမှာ ဤသို့ဖြစ်၏။ ဂျုံဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံ၊ မုယောဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံကို ပေးလှူရမည်။
အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အစ္စရေးပြည် ရေဝသောစားကျက်မြေရှိ အကောင်နှစ်ရာရှိသောသိုးအုပ်တစ်အုပ်တွင် တစ်ကောင်ကို ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်အဖြစ် ပူဇော်ရမည်’ဟု မိန့်တော်မူ၏။