တစ်ရှယ်ကယ်သည် ဂေရနှစ်ဆယ် ဖြစ်ရမည်။ တစ်မိနာ့သည် နှစ်ဆယ်ရှယ်ကယ်အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ်အပေါင်း တစ်ဆယ့်ငါးရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
ယေဇကျေလ 45:13 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ ပေးလှူရမည့် အလှူပစ္စည်းမှာ ဤသို့ဖြစ်၏။ ဂျုံဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံ၊ မုယောဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံကို ပေးလှူရမည်။ Common Language Bible ``သင်တို့သည်ပူဇော်သကာများဆက်သရာ တွင်အောက်ပါအခြေခံမူကိုအသုံးပြုရ ကြမည်။ ဂျုံဆန်သို့မဟုတ်မုယောဆန်ကို ပေးလှူသောအခါသင်တို့ရိတ်သိမ်း၍ရ ရှိသည့် ဂျုံဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊မုယော ဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊သံလွင် ဆီကိုသင်တို့၏သံလွင်ပင်များမှထွက်ရှိ သမျှ၏တစ်ရာပုံတစ်ပုံကိုပေးလှူရမည်။ (ယင်းကိုဗတ်ဖြင့်ချိန်တွယ်ရမည်။ ဆယ်ဗတ် လျှင်တစ်ဟောမဲ၊ သို့မဟုတ်တစ်ကောရရှိ၏။) ဣသရေလပြည်၊ ရေများသောစားကျက် များမှ သိုးအကောင်နှစ်ရာလျှင်တစ်ကောင် ကျပူဇော်ရမည်။ ``သင်တို့၏အပြစ်များမှဖြေလွှတ်ကြစေ ရန်ဘောဇဉ်ပူဇော်သကာများမီးရှို့ရာယဇ် နှင့်မိတ်သဟာယအတွက်တိရစ္ဆာန်များကို ယူဆောင်လာရမည်။ ဤကားငါအရှင် ထာဝရဘုရား၏အမိန့်တော်ဖြစ်၏။ Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရန်၊ ဘော ဇဉ် သ က္ကာ၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ အ လို့ ငှာ လှူ ရ သော အ လှူ ကား၊ ဂျုံ စ ပါး၊ မု ယော စ ပါး ဆယ် တင်း လျှင်၊ သုံး ပြည် ကျ၊ ကော ရ ခေါ် ဆယ် တင်း နှင့် ညီ မျှ သော ဆီ ခွက် နှစ် ရာ့ ငါး ဆယ် လျှင်၊ ထုံး ဖွဲ့ ချက် အ လိုက် နှစ် ပိဿာ ငါး ဆယ် ကျ၊ ဣ သ ရေ လ ပြည် စား ကျက် ရှိ သိုး ဆိတ် နှစ် ရာ လျှင်၊ တစ် ကောင် ကျ များ ကို၊ Judson Bible ချီးမြှောက်ရာ ပူဇော်သကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တစ်ဟောမဲတွင် တစ်ဩမဲကို ပူဇော်ရမည်။ |
တစ်ရှယ်ကယ်သည် ဂေရနှစ်ဆယ် ဖြစ်ရမည်။ တစ်မိနာ့သည် နှစ်ဆယ်ရှယ်ကယ်အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ်အပေါင်း တစ်ဆယ့်ငါးရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
ဆီပေးလှူရာတွင် ဗတ်နှင့်ချိန်တွယ်ရမည်ဟု သတ်မှတ်ထား၏။ တစ်ကောရတွင် ဗတ်၏ဆယ်ပုံတစ်ပုံ ပေးလှူရမည်။ တစ်ကောရသည် တစ်ဟောမဲနှင့်ညီ၍ဗတ်တစ်ဆယ်ဖြစ်၏။ တစ်ဟောမဲသည် ဗတ်တစ်ဆယ်ဖြစ်၏။