အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 44:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ထာဝရဘုရား​က ငါ့​အား “​အချင်း​လူသား​၊ ငါ​မိန့်ဆို​ထား​သော ထာဝရဘုရား​၏​အိမ်​တော်​ဆိုင်ရာ ပြဋ္ဌာန်းချက်​၊ ပညတ်ချက် အလုံးစုံ​တို့​ကို သင့်​မျက်စိ​ဖြင့် ကြည့်​လော့​။ နား​ဖြင့် နားထောင်​လော့​။ စိတ်နှလုံး​ဖြင့် မှတ်ကျုံး​လော့​။ အိမ်​တော်​အဝင်ပေါက်​၊ သန့်ရှင်းရာဌာန​အထွက်ပေါက်​တို့​ကို သေချာ​စွာ​မှတ်သား​လော့​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား က၊ အ ချင်း လူ့ သား၊ ဗိ မာန် တော် ဆိုင် ရာ ငါ မိန့် ဆို သ မျှ ထုံး ဖွဲ့ ချက်၊ ဥ ပ ဒေ ချက် များ ကို၊ မျက် စိ နှင့် ရှု ကြည့် လျက်၊ နား နှင့် နာ ခံ လျက်၊ နှ လုံး သွင်း သည့် ပြင်၊ ဗိ မာန် တော် နှင့် သန့် ရှင်း ရာ ဌာ န သို့၊၊ ဝင် နည်း၊ ထွက် နည်း၊ ဥ ပ ဒေ များ ကို နှ လုံး သွင်း လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု၍ မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို နား​ထောင်​လော့။ အိမ်​တော်​ဝင်​ရာ​တံ​ခါး​ဝ​နှင့် သန့်​ရှင်း​ရာ​ဌာ​န​မှ ထွက်​ရာ​တံ​ခါး​ဝ​ရှိ​သ​မျှ​တို့​ကို စေ့​စေ့​မှတ်​လော့။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 44:5
17 ပူးပေါင်းရင်းမြစ်များ  

ယခု သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​ပါ​လျက် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လော့​။ ထ​၍ ထာဝရဘုရား​အဖို့​သန့်ရှင်းရာဌာန​ကို တည်ဆောက်​ကြ​လော့​။ သို့မှ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​၊ ဘုရားသခင်​အဖို့ သန့်ရှင်း​သော​အသုံးအဆောင်​များ​ကို ထာဝရဘုရား​၏​နာမ​တော်​တည်​ဖို့​ဆောက်လုပ်​ထား​သော​အိမ်​တော်​ထဲတွင် ထားရှိ​နိုင်​မည်​”​ဟု မိန့်မှာ​လေ​၏​။


ထို့နောက်တွင် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သော​သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယဇ်ပူဇော်​ရန် လေဝိ​အမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ လိုက်လာ​ကြ​၏​။


ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။


ထာဝရဘုရား​၏​တောင်​တော်​ပေါ်သို့ မည်သူ​တက်​ရ​မည်နည်း​။ ကိုယ်တော်​၏​သန့်ရှင်း​သော​နေရာ​တွင် မည်သူ​ရပ်​ရ​မည်နည်း​။


ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို ဂရုမစိုက်​သော​သူ​တို့​မူကား မိမိ​တို့​၏​ကျွန်​များ​နှင့်​တိရစ္ဆာန်​များ​ကို လယ်​ထဲ၌​ပင် ထား​ကြ​၏​။


ငါ​သည် ထို​အဖြစ်​ကို​မြင်​သောအခါ နှလုံးသွင်း​၍ ငါ​တွေ့မြင်​သော​အရာ​ကို သင်ခန်းစာ​ယူ​၏​။


ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ မျက်စိ​ဖွင့်​၊ နားစွင့်​ပြီး ငါ​ပြ​မည့်​အရာ​အားလုံး​ကို နှလုံးသွင်း​မှတ်ကျုံး​လော့​။ ဤ​အရာ​တို့​ကို သင့်​အား​ငါ​ပြသ​ရန် သင့်​ကို ဤ​နေရာ​သို့ ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏​။ သင်​မြင်​သမျှ​သော​အရာ​တို့​ကို အစ္စရေး​လူမျိုး​တို့​အား ပြန်လည်​ပြောပြ​လော့”​ဟု မြွက်ဆို​၏​။


အခန်း​များ​၏​အောက်ခြေ​အရှေ့ဘက်​တွင် အပြင်​ဝင်း​မှ အခန်း​များ​သို့​လာ​သော ဝင်ပေါက်​ရှိ​၏​။


ထို​သူ​သည် ငါ့​အား မုခ်ဆောင်​ဘေး​ရှိ​ဝင်ပေါက်​မှတစ်ဆင့် မြောက်ဘက်​ရှိ ယဇ်ပုရောဟိတ်​တို့​၏​သန့်ရှင်း​သော​အခန်း​များ​သို့ ခေါ်သွား​၏​။ အနောက်ဘက်​စွန်း​တွင် နေရာ​တစ်​ခု​ရှိ​သည်​ကို တွေ့​ရ​၏​။


ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရာ​ကို သင်​မြင်​ပြီ​လော​”​ဟု ဆို​ပြီး ငါ့​ကို မြစ်​ကမ်း​ဘက်​သို့ ပြန်ခေါ်​လာ​၏​။


တစ်ဖန် သူ​က “​ဒံယေလ​၊ မ​ကြောက်​နှင့်​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​တွင် ကိုယ်​ကို​နှိမ့်ချ​၍ နားလည်​လို​သော​ဆန္ဒရှိ​သည့်​ပထမဆုံး​နေ့​မှစ၍ သင့်​စကား​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။ သင့်​စကား​ကြောင့် ငါ​ရောက်လာ​ရ​ခြင်း​ဖြစ်​၏​။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


သူ​တို့​သည် လမ်း​အတိုင်း ခရီးဆက်​သွား​ကြ​စဉ် ရေ​ရှိ​ရာ​အရပ်​သို့​ရောက်လာ​သဖြင့် မှူးမတ်​က “ကြည့်​ပါ။ ရေ​ရှိ​သည်။ အကျွန်ုပ်​ဗတ္တိဇံ​ခံ​ရန် တားဆီး​သည့်​အရာ​ရှိ​ပါ​သလော”​ဟု ဆို​၏။


သင်​တို့​အား ငါ​မှာကြား​ထား​သည့် နှုတ်ကပတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။


“​ယနေ့ သင်​တို့​အား ငါ​သတိပေး​သော​စကား​ရှိသမျှ​တို့​ကို နှလုံးသွင်း​ကြ​လော့​။ ဤ​တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သင်​တို့​၏​သားသမီး​တို့​ကို မှာကြား​ကြ​လော့​။