အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
ယေဇကျေလ 44:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက ငါ့အား “ဤတံခါးကို ပိတ်ထားရမည်။ ဖွင့်မထားရ။ မည်သူမျှ ဤတံခါးမှ မဝင်ရ။ အကြောင်းမူကား အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဤတံခါးဖြင့် ကြွဝင်၏။ ထို့ကြောင့် ပိတ်ထားရမည်။ Common Language Bible ထာဝရဘုရားကငါ့အား``ဤတံခါးကို ပိတ်ထားရမည်။ အဘယ်အခါ၌မျှဖွင့်ရ မည်မဟုတ်။ လူသားမှန်သမျှဤတံခါးကို အသုံးပြုခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် ဣသရေလအမျိုသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုတံခါးဖြင့်ဝင်တော် မူခဲ့သောကြောင့်တည်း။- Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား သည်၊ ဤ တံ ခါး ဖြင့် ဝင် ခဲ့ သည် ဖြစ် ၍၊ တံ ခါး ဖွင့် ခွင့်၊ လူ ဝင် ခွင့် မ ရှိ ဘဲ ပိတ် မြဲ ပိတ် ထား ရ မည်။ Judson Bible ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။ |
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
ထို့နောက် သူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးသို့ ခေါ်ဆောင်သွား၏။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။