တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
ယေဇကျေလ 44:16 - မြန်မာ့စံမီသမ္မာကျမ်း ‘သူတို့သာလျှင် ငါ့သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်ရမည်။ သူတို့သာလျှင် ငါ့စားပွဲသို့လာ၍ ငါ့အမှုကိုထမ်းဆောင်ရသောအမှုထမ်း ဖြစ်ရမည်။ Common Language Bible သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။- Garrad Bible အ မှု တော် ကို ဆောင် ရွက် ရန် သန့် ရှင်း ရာ ဌာ န တော် သို့ ဝင်၍၊ စား ပွဲ တော် သို့ ချဉ်း ကပ် ခွင့် ရ ကြ လိမ့် မည်။ Judson Bible ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှာ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။ |
တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
ယဇ်ပလ္လင်ကို သစ်သားနှင့်ပြုလုပ်ထားပြီး အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိ၏။ ပလ္လင်၏ထောင့်ချိုးများ၊ အောက်ခြေနှင့် ဘေးနံရံတို့ကို သစ်သားနှင့်ပြုလုပ်ထား၏။ ထိုသူက “ဤသည်ကား ထာဝရဘုရား၏ ရှေ့တော်စားပွဲဖြစ်၏”ဟု ပြောပြ၏။
“သင်တို့မူကား စားပွဲတော်ကို ရှုတ်ချလျက် ‘ဘုရားရှင်၏စားပွဲတော်သည် ညစ်ညူး၏။ အသီးအနှံနှင့် အစားအစာများသည်လည်း ရွံရှာဖွယ်ဖြစ်၏’ဟု ဆိုကြ၏။
ငါ့ယဇ်ပလ္လင်ပေါ်တွင် ညစ်ညူးသောအစားအစာကို ပူဇော်ပြီးမှ သင်တို့က ‘ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ညစ်ညူးစေသနည်း’ဟု မေးကြ၏။ သင်တို့က ‘ထာဝရဘုရား၏စားပွဲတော်သည် မထီမဲ့မြင်ပြုခြင်း ခံရလေပြီ’ဟူ၍ ဆိုကြသောကြောင့်တည်း”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုး၏ဘုရားသခင်သည် သင်တို့အား မိမိအထံတော်သို့ချဉ်းကပ်ရန်၊ ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောအမှုကို ဆောင်ရွက်ရန်၊ လူထုတို့၏ရှေ့၌ရပ်လျက် သူတို့အမှုကိုဆောင်ရွက်ရန် အစ္စရေးလူထုထဲမှ ခွဲခြားထားသည်မှာ သေးငယ်သောအမှုလော။
သင်တို့သာလျှင် သန့်ရှင်းရာဌာန၏အမှုကိစ္စ၊ ယဇ်ပလ္လင်၏အမှုကိစ္စတို့ကို ဆောင်ရွက်ရမည်။ သို့မှ နောက်တစ်ဖန် အစ္စရေးအမျိုးသားတို့အပေါ်သို့ အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။
ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ငါ့အလိုတော်ကိုဆောင်၍ သစ္စာရှိသောယဇ်ပုရောဟိတ်တစ်ပါးကို ငါပေါ်ထွန်းစေမည်။ သူ့အမျိုးအနွယ်ကို စဉ်ဆက်မပြတ် တည်ရှိစေမည်။ သူသည် ငါဘိသိက်ပေးထားသောသူရှေ့တွင် အစဉ်ဝင်ထွက်သွားလာရလိမ့်မည်။