ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။
ယေဇကျေလ 43:9 - မြန်မာ့စံမီသမ္မာကျမ်း ယခုတွင် သူတို့၏ဖောက်ပြန်မှားယွင်းမှု၊ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့်မှားယွင်းမှုတို့ကို ပယ်ရှားကြပါစေ။ သို့ပြုလျှင် သူတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ Common Language Bible ယခုအခါသူတို့သည်ပြည့်တန်ဆာလုပ် ငန်းဖြင့် အခြားဘုရားများအားကိုးကွယ် မှုကိုရပ်စဲ၍ဘုရင်တို့၏အလောင်းများ ကိုဖယ်ရှားရကြမည်။ ယင်းသို့ပြုပါမူ ငါသည်သူတို့ထံတွင်ထာဝစဉ်ကျိန်းဝပ် တော်မူမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ယ ခု မှာ ထို သို့ သော မှား ယွင်း မှု၊ ဘု ရင် တို့ စျာ ပ န မှု ကို ငါ နှင့် ကွာ ဝေး စေ လျှင်၊ ငါ သည် သူ တို့ ဘောင် တွင်၊ အ စဉ် မ ပြတ် စံ နေ မည်။ Judson Bible ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှားကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။ |
ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။
ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
“သင်တို့၏မိခင်ကို အပြစ်တင်ကြ။ သူသည် ငါ့မယားမဟုတ်။ ငါသည်လည်း သူ့ခင်ပွန်းမဟုတ်ကြောင်း ပြောပြကြလော့။ ပြည့်တန်ဆာလုပ်ရပ်တို့ကို ဖယ်ရှား၍ သူ့သားမြတ်နှင့် မှားယွင်းမှုပြုခြင်းကို ရပ်တန့်စေလော့။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။