ထိုအရာအားလုံးကို အာရုန်၏လက်ထဲ၌လည်းကောင်း၊ သူ့သားတို့၏လက်ထဲ၌လည်းကောင်း ထည့်၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ယေဇကျေလ 43:26 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ခုနစ်ရက်ပတ်လုံး ပြုရမည်။ ထိုသို့ စင်ကြယ်စေပြီးမှ ယဇ်ပလ္လင်ကို ဆက်ကပ်ရမည်။ Common Language Bible ယဇ်ပုရောဟိတ်တို့သည်ခုနစ်ရက်တိုင်တိုင် ယဇ်ပလ္လင်ကိုသန့်စင်စေပြီးနောက်အသုံး ပြုနိုင်ရန်အသင့်ထားရှိရကြမည်။- Garrad Bible ခု နစ် ရက် တိုင် တိုင် ပ လ္လင် ပြစ် အ ဖို့ ဖြေ ခြင်း၊ သန့် စေ ခြင်း ကို ပြု လျက်၊ ပူ ဇော် ရာ ပ လ္လင် သ မုတ် ကြ ရ မည်။ Judson Bible ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်းစင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။ |
ထိုအရာအားလုံးကို အာရုန်၏လက်ထဲ၌လည်းကောင်း၊ သူ့သားတို့၏လက်ထဲ၌လည်းကောင်း ထည့်၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ထိုအခါ မောရှေက “သင်တို့သည် ကိုယ့်သားရင်း၊ ကိုယ့်ညီအစ်ကိုရင်းကို တိုက်ခိုက်ကြပြီ။ ထို့ကြောင့် ယနေ့ သင်တို့အား ကောင်းချီးပေးတော်မူမည့်အကြောင်း ထာဝရဘုရားထံ ကိုယ့်ကိုယ်ကိုယ်ဆက်ကပ်ကြလော့”ဟု ဆို၏။
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
ဒုတိယနေ့တွင် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော ဆိတ်ထီးကလေးတစ်ကောင်ကို ပူဇော်ရမည်။ သူတို့သည် ယဇ်ပလ္လင်ကို နွားထီးအသွေးဖြင့် စင်ကြယ်စေသကဲ့သို့ ဆိတ်ထီးအသွေးအားဖြင့်လည်း စင်ကြယ်စေရမည်။
ဆိတ်ထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ခုနစ်ရက်ပတ်လုံး နေ့စဉ်ပူဇော်ရမည်။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် သိုးအုပ်ထဲမှ သိုးထီးပျိုတစ်ကောင်ကိုလည်း ပူဇော်ရမည်။ ထိုယဇ်ကောင်တို့သည် အပြစ်အနာအဆာကင်းရမည်။
ခုနစ်ရက်ပြီးဆုံး၍ ရှစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်တို့သည် ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ ငါသည်လည်း သင်တို့ကိုလက်ခံမည်’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ပထမလ၊ ပထမရက်တွင် အပြစ်အနာအဆာကင်းသော နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်အောင်ပြုရမည်။
သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာပွဲသည် ခုနစ်ရက်ဖြစ်၍ သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာနေ့ရက်မပြည့်မချင်း ခုနစ်ရက်ပတ်လုံး တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ မထွက်ရ။
ဤနေ့ရက်၌ပြုသည့်နည်းတူ သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။