ဒုတိယနေ့တွင် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော ဆိတ်ထီးကလေးတစ်ကောင်ကို ပူဇော်ရမည်။ သူတို့သည် ယဇ်ပလ္လင်ကို နွားထီးအသွေးဖြင့် စင်ကြယ်စေသကဲ့သို့ ဆိတ်ထီးအသွေးအားဖြင့်လည်း စင်ကြယ်စေရမည်။
ယေဇကျေလ 43:25 - မြန်မာ့စံမီသမ္မာကျမ်း ဆိတ်ထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ခုနစ်ရက်ပတ်လုံး နေ့စဉ်ပူဇော်ရမည်။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် သိုးအုပ်ထဲမှ သိုးထီးပျိုတစ်ကောင်ကိုလည်း ပူဇော်ရမည်။ ထိုယဇ်ကောင်တို့သည် အပြစ်အနာအဆာကင်းရမည်။ Common Language Bible သင်သည်ခုနစ်ရက်တိုင်တိုင်နေ့စဉ်နေ့တိုင်း ဆိတ်ထီးတစ်ကောင်၊ နွားထီးတစ်ကောင်နှင့်သိုး ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ် ဖြင့်ပူဇော်ရမည်။ ထိုသတ္တဝါအားလုံးတွင် အပြစ်အနာအဆာမရှိစေရ။- Garrad Bible ခု နစ် ရက် ပတ် လုံး အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ်၊ တစ် နေ့ လျှင် ဆိတ် တစ် ကောင် ကျ ပူ ဇော် ရ သည့် ပြင်၊ ကြန် အင် စုံ သော နွား ပေါက် နှင့်၊ သိုး ထီး ကို လည်း တစ် နေ့ လျှင် တစ် ကောင် စီ ပူ ဇော် ၍၊ Judson Bible ခုနစ်ရက်ပတ်လုံး တစ်နေ့တစ်နေ့လျှင်၊ ဆိတ်တစ်ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ်မရှိ၊ ပျိုသောနွားထီးတစ်ကောင်နှင့် သိုးထီးတစ်ကောင်ကိုလည်း ပူဇော်ရမည်။ |
ဒုတိယနေ့တွင် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော ဆိတ်ထီးကလေးတစ်ကောင်ကို ပူဇော်ရမည်။ သူတို့သည် ယဇ်ပလ္လင်ကို နွားထီးအသွေးဖြင့် စင်ကြယ်စေသကဲ့သို့ ဆိတ်ထီးအသွေးအားဖြင့်လည်း စင်ကြယ်စေရမည်။
ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ခုနစ်ရက်ပတ်လုံး ပြုရမည်။ ထိုသို့ စင်ကြယ်စေပြီးမှ ယဇ်ပလ္လင်ကို ဆက်ကပ်ရမည်။
သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာပွဲသည် ခုနစ်ရက်ဖြစ်၍ သင်တို့၏အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာနေ့ရက်မပြည့်မချင်း ခုနစ်ရက်ပတ်လုံး တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ မထွက်ရ။
သင်တို့ မသေရမည့်အကြောင်း ခုနစ်ရက်ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌နေ၍ ထာဝရဘုရားညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရမည်ဟု ငါ့အား ထိုသို့မိန့်မှာတော်မူခဲ့၏”ဟု ဆိုလေ၏။