နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
ယေဇကျေလ 43:21 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သန့်ရှင်းရာဌာနအပြင်ဘက် အိမ်တော်၏သတ်မှတ်ထားသောနေရာတွင် မီးရှို့ရမည်။ Common Language Bible အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်သည့် နွားကိုယူ၍ဗိမာန်တော်အပြင်ဘက်သတ် မှတ်ထားသည့်အရပ်တွင်မီးရှို့ရမည်။- Garrad Bible ထို အ ပြစ် ဖြေ ရာ သ က္ကာ နွား၏ အ ကောင် ကို ယူ သွား၍၊ သန့် ရှင်း ရာ ဌာ န အ ပ၊ ဗိ မာန် တော် ဥ ပ စာ ပြု မြဲ အ ရပ် တွင် မီး ရှို့ စေ။ Judson Bible အပြစ်ဖြေရာယဇ်ဖို့ နွားကောင်ကိုယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသောအရပ်၌ မီးရှို့ရမည်။ |
နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
ထိုမြေထဲမှ အလျားအတောင်ငါးရာ၊ အနံအတောင်ငါးရာ စတုရန်းပုံမြေကွက်သည် သန့်ရှင်းရာဌာနအဖို့ ဖြစ်ရမည်။ ထိုမြေကွက်၏ပတ်ပတ်လည်တွင် အတောင်ငါးဆယ်မြေကွက်လပ် ထားရှိရမည်။
နွားထီးကိုယ်ထည်တစ်ကိုယ်လုံးကို ပြာပုံထားရာတပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ယူသွား၍ ထင်းမီးပေါ်၌ ရှို့ရမည်။ ပြာပုံထားရာ နေရာတွင် ရှို့ရမည်။
ထိုနွားနှင့်အတူ အရေခွံ၊ အသား၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်၏။