ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။
ယေဇကျေလ 43:10 - မြန်မာ့စံမီသမ္မာကျမ်း အချင်းလူသား၊ အစ္စရေးအမျိုးသားတို့အား အိမ်တော်အကြောင်းကို ပြောပြလော့။ သို့မှ သူတို့၏ဒုစရိုက်ကြောင့် သူတို့ရှက်ကြောက်ကြလိမ့်မည်။ သူတို့သည် အိမ်တော်တည်ဆောက်ပုံကို ဆင်ခြင်ကြပါစေ။ Common Language Bible ထိုနောက်ထာဝရဘုရားကဆက်လက်၍ ``အချင်းလူသား၊ ဣသရေလအမျိုး သားတို့သည်မိမိတို့ပြုသောမကောင်း မှုများအတွက်ရှက်ကြောက်ခြင်းငှာ ဗိမာန်တော်ပုံစံကိုသူတို့အားဖော်ပြ၍ လေ့လာစေလော့။- Garrad Bible အ ချင်း လူ့ သား၊ ဒု စ ရိုက် များ ကြောင့် အ ရှက် ကွဲ ရ စေ ခြင်း ငှာ၊ ဣ သ ရေ လ အ မျိုး သား တို့ အား၊ ဤ ဗိ မာန် တော် ပုံ ကို ဖော် ပြ လျက် တိုင်း တာ ကြ စေ။ Judson Bible အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှာ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့တိုင်းကြစေလော့။ |
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။
“ဤပုံစံအားလုံးကို ထာဝရဘုရား ရေးဆွဲထားပြီး လုပ်ဆောင်ရမည့်ပုံစံအသေးစိတ်ကို ငါ့အား သိနားလည်စေတော်မူပြီ”ဟု ဆိုလေ၏။
တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။
သင်သည် သင့်အစ်မ၊ သင့်ညီမတို့ကို ပြန်လည်လက်ခံသောအခါ သင်ပြုခဲ့သောအမှုများကိုပြန်သတိရ၍ ရှက်လိမ့်မည်။ သို့သော် သင်နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်အားဖြင့်မဟုတ်သော်လည်း ထိုသူတို့ကို သင့်အား သမီးများအဖြစ် ငါပေးမည်။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
“အချင်းလူသား၊ တိုင်ရာဘုရင်နှင့်ပတ်သက်၍ ငိုချင်းချလျက် သူ့အား ဤသို့ ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် စံတင်လောက်အောင် ပြီးပြည့်စုံသောသူ၊ ဉာဏ်ပညာပြည့်ဝသူ၊ အပြစ်ပြောစရာမရှိအောင်လှသူ ဖြစ်၏။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
သူတို့ပြုခဲ့သမျှအတွက် ရှက်မည်ဆိုလျှင် အိမ်တော်ပုံစံ၊ စီစဉ်တည်ဆောက်ပုံ၊ ထွက်ပေါက်ဝင်ပေါက်စသော အိမ်တော်တစ်ခုလုံး၏ပုံစံ၊ အိမ်တော်နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအားလုံး၊ ပုံစံအားလုံး၊ ဥပဒေသအားလုံး စသည်တို့ကို သူတို့သိအောင် သူတို့ရှေ့တွင်ပင် ချရေးပြလော့။ သို့မှ အိမ်တော်တစ်ခုလုံး၏ပုံစံနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို စောင့်ထိန်းလိုက်နာနိုင်မည်ဖြစ်သည်။
ထိုအခါ ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ ငါမိန့်ဆိုထားသော ထာဝရဘုရား၏အိမ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ပညတ်ချက် အလုံးစုံတို့ကို သင့်မျက်စိဖြင့် ကြည့်လော့။ နားဖြင့် နားထောင်လော့။ စိတ်နှလုံးဖြင့် မှတ်ကျုံးလော့။ အိမ်တော်အဝင်ပေါက်၊ သန့်ရှင်းရာဌာနအထွက်ပေါက်တို့ကို သေချာစွာမှတ်သားလော့။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
နောင်ကာလ၌ သူတို့က ငါတို့နှင့်ငါတို့၏မျိုးဆက်အစဉ်အဆက်တို့ကို ထိုသို့ပြောလျှင် ငါတို့က ‘ကြည့်ရှုလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏ယဇ်ပလ္လင်နှင့်ပုံသဏ္ဌာန်တူသော ယဇ်ပလ္လင်ကိုတည်ခဲ့သည်မှာ မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်၊ ငါတို့နှင့်သင်တို့အကြား၌ သက်သေဖြစ်ရန်အတွက်သာဖြစ်၏’ဟု ပြန်ပြောနိုင်ရန်ဖြစ်၏။